ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, January 26, 2014

နွယ် ထံပါးသို့

နွယ် ထံပါးသို့ 
--------------

တစ်ပင်ထဲ ဝယ်
ရင်ထဲ တွယ်လို့
ချစ်သော နွယ်ရေ ....

အပြစ်တွေ ကင်း
တို့ ချစ်ခြင်းကို
ထောက်ထား မညှာ
ဝိဘတ် ကြမ္မာက
ဖန်လာ အတိ
တစ်ကယ်ရှိခဲ့ပြီလား နွယ် ....

သတ္တ လောက
ဤ ဘုံဘဝမှ
့ကွေ့ကွင်း နောက်ဆုံး
ရှိစေ အုံးလည်း
ငါ သည်အမြဲ
ရှိနေစဲ နဲ့
ကမ္ဘာ တည်စဲ
ချစ်နေမြဲ ပါ နွယ် ...

အပြစ်ဖွဲ့ လို့ မကြင် နာ
အချစ်မငဲ့ လို့
တမင်ခွာ လည်း
ဩော်
နွယ် စိမ်းချင်သပ စိမ်း
နွယ် တိမ်းလိုက တိမ်းပေါ့ ....

ချောင်း ကော ချင် ကောမယ်
မြစ် ခန်း ချင် ခန်းမယ်
သမုဒ္ဒရာ တွေ ပျောက် ချင် ပျောက်မယ်
ဒါပေမဲ့ နွယ် ရေ
ချစ်မိသူ မောင့်ရင်တွင်းမှ
မေတ္တာ တွေ စီး
သစ္စာ တွေ ကြီးနေသမျှတော့
ဖန်လာမစဲ ဒီသံသရာဝဲမှာ
ဩော်
မောင့် အသက်ခန္ဓာ စဲလေမှဖြင့်
ပျောက်ကွယ်လိမ့်မယ် ထင်မိပါတယ်
ချစ် သော နွယ် .....

No comments:

Post a Comment