ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, January 26, 2014

ကို့ တစ်ယောက်သာ

ကို့ တစ်ယောက်သာ
-------------------
Photo: ကို့ တစ်ယောက်သာ
-------------------

လွမ်းတက်တဲ့ အသည်းတွေနဲ့
ကျွမ်းမြတ်ပူ ရင်လွှာခန်းအောင်လည်း
လွမ်း တက် တယ် ကို 

အေးအတူ ပူအမျှရယ်နဲ့
ဖေးကူသူ ကို့ရင်ခွင်နန်းတော်သို့လည်း
ထာဝရ ခိုလှုံချင်တယ် ကို 

လောက နွေ မှာ
သောကတွေ ဗျာပွေကြွေ လည်း
ကို့ မျက်နှာ တစ်ရွာ မှတ်ထင်ထားသူမို့
ဘဝတစ်ခုပင် ပုံလို့ လိုက်ရဲသူပါ ကို 

အနစ်နာခံ စွန့်လွတ်ခြင်းတွေနဲ့
ရင်တွင်းဆန္ဒတွေ ဖွင့်လို့ပြောရရင်
ဘဝတစ်သက်တာမှာ ပျို့ နှလုံးကိုဖြင့်
ကို တစ်ယောက်အတွက်ပဲ
ဖြစ်ပါရစေလား ကို 

(ချစ်ရသူလှိုင်မင်း)
လွမ်းတက်တဲ့ အသည်းတွေနဲ့
ကျွမ်းမြတ်ပူ ရင်လွှာခန်းအောင်လည်း
လွမ်း တက် တယ် ကို 

အေးအတူ ပူအမျှရယ်နဲ့
ဖေးကူသူ ကို့ရင်ခွင်နန်းတော်သို့လည်း
ထာဝရ ခိုလှုံချင်တယ် ကို

လောက နွေ မှာ
သောကတွေ ဗျာပွေကြွေ လည်း
ကို့ မျက်နှာ တစ်ရွာ မှတ်ထင်ထားသူမို့
ဘဝတစ်ခုပင် ပုံလို့ လိုက်ရဲသူပါ ကို

အနစ်နာခံ စွန့်လွတ်ခြင်းတွေနဲ့
ရင်တွင်းဆန္ဒတွေ ဖွင့်လို့ပြောရရင်
ဘဝတစ်သက်တာမှာ ပျို့ နှလုံးကိုဖြင့်
ကို တစ်ယောက်အတွက်ပဲ
ဖြစ်ပါရစေလား ကို 

No comments:

Post a Comment