ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, January 27, 2014

အ စိမ်း နာ

အ စိမ်း နာ
-----------
Photo: အ စိမ်း နာ
-----------

အရွက် ဝေ
အခက်တွေ ခြွေပြပါမှ
နင် မျက်ရည်တွေ 
ဝေသွားလေမလား ခင်....

တစ်ရွက် ကြွေ
တစ်ရွက် ဝေလို့
အခက်တွေ စုံခါမြူးပါမှ
နင် ငါစိမ်းမြင်လို့ ငါးကင်ပင်
ပြစ်ခဲ့လေသလား ခင် ....

နှစ်ရွက် တစ်သွယ်
စွယ်တော် အလား
တစ်ရိုး တစ်ညှာ
ရွှေကြာ အလား
မြတ်နိုးစွာ ရင်မှာထွေးလို့ 
ကြိုင်လှိုင်စွာ ပွင့်စေတော့ရယ်ပေါ့
ယုယလို့ပင် ပျိုးခဲ့မိတယ် ခင် ....

မခူး မဆွတ်
မခြွေ မဖဲ့ရပါပဲ
ရှိုက်မိသူ အနမ်းတစ်ခုကိုမှ
သာယာစွာ စွဲလန်းရက်လေသလား ခင် ...

အခက် ဝေဆာ 
မကြင်နာ ခင် တိမ်းမှဖြင့်
ဥယျာဉ်မှုး ကျွန်တော်အဖြစ်ရယ်က
ဩော်
အ စိမ်း နာ ပါ ခင် .....

(ချစ်ရသူလှိုင်မင်း)
အရွက် ဝေ
အခက်တွေ ခြွေပြပါမှ
နင် မျက်ရည်တွေ 
ဝေသွားလေမလား ခင်....

တစ်ရွက် ကြွေ
တစ်ရွက် ဝေလို့
အခက်တွေ စုံခါမြူးပါမှ
နင် ငါစိမ်းမြင်လို့ ငါးကင်ပင်
ပြစ်ခဲ့လေသလား ခင် ....

နှစ်ရွက် တစ်သွယ်
စွယ်တော် အလား
တစ်ရိုး တစ်ညှာ
ရွှေကြာ အလား
မြတ်နိုးစွာ ရင်မှာထွေးလို့
ကြိုင်လှိုင်စွာ ပွင့်စေတော့ရယ်ပေါ့
ယုယလို့ပင် ပျိုးခဲ့မိတယ် ခင် ....

မခူး မဆွတ်
မခြွေ မဖဲ့ရပါပဲ
ရှိုက်မိသူ အနမ်းတစ်ခုကိုမှ
သာယာစွာ စွဲလန်းရက်လေသလား ခင် ...

အခက် ဝေဆာ
မကြင်နာ ခင် တိမ်းမှဖြင့်
ဥယျာဉ်မှုး ကျွန်တော်အဖြစ်ရယ်က
ဩော်
အ စိမ်း နာ ပါ ခင် .....

No comments:

Post a Comment