ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, January 27, 2014

မေတ္တာ ထားပါ သဲရယ်

မေတ္တာ ထားပါ သဲရယ်
♥♥♥♥♥♥♥♥♥♥♥♥♥♥♥ 
Photo: မေတ္တာ ထားပါ သဲရယ်
♥♥♥♥♥♥♥♥♥♥♥♥♥♥♥ 

သူချစ် ကိုယ်ချစ် ပါကွယ်
နှစ်ကိုယ်တူ အချစ်တွေဖြင့်
နှစ်ဦးသားရင်မှာ သဌ္ဓေတည်
အခြေတည်ခါ ဖြစ်ပေါ်လာတဲ့
နားလည်မှု ချစ်ခြင်းတွေပါ သဲရယ် 

ကံကြမ္မာ စည်းကာခြားလို့
သံသရာ ဒီဘဝမှာဖြင့်
ချစ်လျှက်နဲ့တော့ တို့တစ်တွေ
မဝေးရပါစေနဲ့လား သဲရယ် 

အချစ်ငဲ့လို့ မကြင်နာ
အပြစ်ဖွဲ့လို့ တမင်ခွာလည်း
မနာရက်နိင်တဲ့ နှလုံးသားဖြင့်
ရာသက်တိုင်ပဲ ချစ်နေအုံးမယ် သဲရေ 

သြော်
အကြောင်းကံ မလှလို့များ
ပေါင်းရန်ဘဝတွေ ပါမလာခဲ့ရင်
သဲလည်း မမုန်း မောင်လည်း မမုန်းပဲ
အပြုံးများနဲ့သာ လမ်းခွဲ
နှစ်ယောက်သား လွဲခဲ့ကြလည်းပေါ့
မောင်အရမ်းချစ်တဲ့ ချစ်သူရယ်

(ချစ်ရသူလှိုင်မင်း)
သူချစ် ကိုယ်ချစ် ပါကွယ်
နှစ်ကိုယ်တူ အချစ်တွေဖြင့်
နှစ်ဦးသားရင်မှာ သဌ္ဓေတည်
အခြေတည်ခါ ဖြစ်ပေါ်လာတဲ့
နားလည်မှု ချစ်ခြင်းတွေပါ သဲရယ် 

ကံကြမ္မာ စည်းကာခြားလို့
သံသရာ ဒီဘဝမှာဖြင့်
ချစ်လျှက်နဲ့တော့ တို့တစ်တွေ
မဝေးရပါစေနဲ့လား သဲရယ်

အချစ်ငဲ့လို့ မကြင်နာ
အပြစ်ဖွဲ့လို့ တမင်ခွာလည်း
မနာရက်နိင်တဲ့ နှလုံးသားဖြင့်
ရာသက်တိုင်ပဲ ချစ်နေအုံးမယ် သဲရေ

သြော်
အကြောင်းကံ မလှလို့များ
ပေါင်းရန်ဘဝတွေ ပါမလာခဲ့ရင်
သဲလည်း မမုန်း မောင်လည်း မမုန်းပဲ
အပြုံးများနဲ့သာ လမ်းခွဲ
နှစ်ယောက်သား လွဲခဲ့ကြလည်းပေါ့
မောင်အရမ်းချစ်တဲ့ ချစ်သူရယ်

No comments:

Post a Comment