-----------------------
မခေါ်သာ နေ့ရက်တွေနဲ့
ပေါ်မလာ မစိမ်းကားရယ် ...
နင် ကတော့ ပန်းလှလှ ပါ
ငါ ကတော့ ဥယာဉ်မှုး ပေါ့
အရိပ်နေ အခက်မခြွေရပါဘူးကွယ်
သည် သစ်ပင်
ရွက်သစ်တွေ ဝေစေတော့ရယ်လို့
ရင်နှစ်မွှာ နှစ်ကာပဲ ပျိုးခဲ့တယ် ....
ပန်း ချစ်သူ ကျွန်တော်မျိုးရယ်က
ပန်းပွင့်ကို ဘယ်လို ခြွေမလဲ
ပန်းဖူးကို ဘယ်လို ခူးမလဲ
ပန်းညွှန့်ကို ဘယ်လို့ သတ်မလဲ
ပန်းဖျက်သူ မုဆိုးတွေကြောင့်
ပန်းပျိုးသူ ဥယာဉ်မှုးကိုမှ
သုဘဒ္ဒနှယ် မုန်းမာန်ပျိုးသလား ....
ပန်း ဘုရင်မရေ
ပွင့် လို့ပဲ ကြွေ ကြ ကြွေ ကြ
လွင့် လို့ပဲ ဝေ ပြ ဝေ ပြ
ခြောက် လို့ပဲ နွမ်း ခြင် နွမ်းပါ
မေတ္တာတွေ ပျိုးမိသူမို့
သည်ရင်မှာ ထာဝစဉ်ရယ်
လန်း နေမဲ့ ပန်း ကလေးကွယ် ....
မုန်းစိတ်ဝင် မဖုရားက
ပန်း ပျိုးသူကို မခုန်မင်တော့
တိမ်းလေပြီ ဝေးရပ်ဆီသို့
မစိမ်းသူ သည်ခြေရင်းမှာ
အ ချစ် ရေ
ပန်း တွေ က ဖွေး

No comments:
Post a Comment