ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, January 25, 2014

အထီးကျန် ည

<<< အထီးကျန် ည >>>
------- -=====----------

အကျီးတန် ဘဝသမားမို့
အထီးကျန် ညတွေပင်
ဖြစ်ခဲ့လေသလား ခင် ....

ပူ ... ပူ တယ်လေ
ပိုးဖလံနှယ် မီးကိုတိုးပေမယ့်
မီးလျှံလို ခင့် အချစ်မျိုးက
ကောက်ရိုးရယ် ပြာကြသလိုပ
ဩော်
တခဏ လားကွယ် ....

နေဝင်ပြီ ည ဦးဆီသို့
ရောက်ပြီကွယ် ဆိုမှဖြင့်
လျောင်းစက်စင် အိပ်ရာထက်မှ
ငေးမိပြန် နင့် ပန်းချီကား သို့
နေ့တိုင်းပင် ကြည့်မိတယ် ...

အရိပ်ထင် နင့် ပုံရိပ်က
ပြုံးရောင်တွေ သန်းပါလို့
မုန်းယောင်ချယ် ငြူစူစူနဲ့
မာယာတွေ ပါလွန်းတယ် ....

မချစ်ခင် တမင်စိမ်းပေမယ့်
ပြစ်မမြင် ချစ်ခင်စဲမို့
လာမှာပါ စိတ်တွေကူးရင်း
နေ့သစ်မယ် ချစ်ဖူးတွေနဲ့
ငါ စောင့်ခါ နေမိတယ် ......

နေ့ တွေ ရယ် ကုန်
ည တွေပင် နက် ပါပေါ့
မျှော်သာမျှော် နင် ပေါ်မလာတော့
မျှော်မိသူ ငါ့ အမှားပါပဲလို့
စိတ်အတွေးဝယ် ဖြေမိလည်း
နေမြင့်လေ ရူးရင့်လေနဲ့
ငါ့ ကမ္ဘာမှာ မှောင်လွန်းတယ် ....

Photo: <<< အထီးကျန် ည >>>
------- -=====----------

အကျီးတန် ဘဝသမားမို့
အထီးကျန် ညတွေပင်
ဖြစ်ခဲ့လေသလား ခင် ....

ပူ ... ပူ တယ်လေ
ပိုးဖလံနှယ် မီးကိုတိုးပေမယ့်
မီးလျှံလို ခင့် အချစ်မျိုးက
ကောက်ရိုးရယ် ပြာကြသလိုပ
ဩော်
တခဏ လားကွယ် ....

နေဝင်ပြီ ည ဦးဆီသို့
ရောက်ပြီကွယ် ဆိုမှဖြင့်
လျောင်းစက်စင် အိပ်ရာထက်မှ
ငေးမိပြန် နင့် ပန်းချီကား သို့
နေ့တိုင်းပင် ကြည့်မိတယ် ...

အရိပ်ထင် နင့် ပုံရိပ်က
ပြုံးရောင်တွေ သန်းပါလို့
မုန်းယောင်ချယ် ငြူစူစူနဲ့
မာယာတွေ ပါလွန်းတယ် ....

မချစ်ခင် တမင်စိမ်းပေမယ့်
ပြစ်မမြင် ချစ်ခင်စဲမို့
လာမှာပါ စိတ်တွေကူးရင်း
နေ့သစ်မယ် ချစ်ဖူးတွေနဲ့
ငါ စောင့်ခါ နေမိတယ် ......

နေ့ တွေ ရယ် ကုန် 
ည တွေပင် နက် ပါပေါ့
မျှော်သာမျှော် နင် ပေါ်မလာတော့
မျှော်မိသူ ငါ့ အမှားပါပဲလို့
စိတ်အတွေးဝယ် ဖြေမိလည်း
နေမြင့်လေ ရူးရင့်လေနဲ့
ငါ့ ကမ္ဘာမှာ မှောင်လွန်းတယ် ....

(ချစ်ရသူလှိုင်မင်း)

No comments:

Post a Comment