ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, January 25, 2014

ချစ်သော သဲ သို့

ချစ်သော သဲ သို့
========
Photo: ချစ်သော သဲ သို့
========

အပြုံး လှလှတွေနဲ့မှ

နှလုံးလှ လူသားကို

နင် မုန်းပြခဲ့လေသလား သဲရယ် ....

အလှမ်းကွာဝေးလို့

လွမ်းစာတွေ မရေးခဲ့ပါဘူးလေ

သည်ရင်မှာ အခြေတည်

သဌ္ဓေတည်ခါ နင်ရှိမြဲမို့

မောင် ခိုင်မြဲစွာ တွဲမဲ့ လက်

ပုတ်ထုတ်ပြစ်ရက်လေသလား သဲရယ် ....

သဲရေ

မယုံခြင်ပေမယ့်လည်း

ပုံပြင်တွေ မဟုတ်ခဲ့လေတော့

စိတ်တစ္ဆေ အရိပ်ဝေ

ခက်ဖြာလူးတယ် ကွယ်

ချစ်သူရယ် မှန်းစလို့ ရူး ....

(ချစ်ရသူလှိုင်မင်း)
အပြုံး လှလှတွေနဲ့မှ

နှလုံးလှ လူသားကို

နင် မုန်းပြခဲ့လေသလား သဲရယ် ....

အလှမ်းကွာဝေးလို့

လွမ်းစာတွေ မရေးခဲ့ပါဘူးလေ

သည်ရင်မှာ အခြေတည်

သဌ္ဓေတည်ခါ နင်ရှိမြဲမို့

မောင် ခိုင်မြဲစွာ တွဲမဲ့ လက်

ပုတ်ထုတ်ပြစ်ရက်လေသလား သဲရယ် ....

သဲရေ

မယုံခြင်ပေမယ့်လည်း

ပုံပြင်တွေ မဟုတ်ခဲ့လေတော့

စိတ်တစ္ဆေ အရိပ်ဝေ

ခက်ဖြာလူးတယ် ကွယ်

ချစ်သူရယ် မှန်းစလို့ ရူး ....

No comments:

Post a Comment