ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, January 27, 2014

အလွမ်းမိုးတို့ ခြွေခဲ့ပါ

အလွမ်းမိုးတို့ ခြွေခဲ့ပါ
---------------------

ဝေဒနာတွေ ရင်မှာပေးလို့

မဖြေသာ အကြင်နာတေးတွေ

သီကျူးသွားသော ချစ်သူရေ ....


အငိုလွယ် အရှိုက်ခဲ့လို့

အညှာလွယ် တိမ်းရက်လေသလား

ဩော်

သူစိမ်းလိုပင်ကွယ် သည်လူမှာ

မသက်မှတ်နေ သမျှတော့

အချစ်တွေပင် ကျိမ်စာသင့်နေမလား

ကောင်းကင်လို မမြင့်မား

ရေမြေလို မခန်းနား

ဘဝသမားမို့ ခဏ နားခဲ့လေသလား


အပူဇောကြွယ် ဗျာပါဒတွေကို

သေခြာစွာ ဝေဖန်ဆန်းစစ်တော့

နစ် သထက်သာ နစ်

ချစ် သထက် သာ ချစ်မို့

ကျွမ်း မြေ့ သူ ဒီရင်နန်းကို

ချစ် သူ ရယ်

အလွမ်းမိုးပေါက်တို့ ခြွေလှည့်ပါ .....

No comments:

Post a Comment