♥:-) ♥:-) ♥:-) ♥:-)
မောင်
ကဗျာမဆန်
ကာရံမလှပေမယ့်
ပေးခဲ့ဖူးတဲ့ ပန်းတစ်ပွင့်အတွက်
အပြစ်တင်လုပ် ရန်မလုပ်ရက်ပါ မောင်
မောင်
အကြင်နာတွေ
လူမြင်အောင်မပြတက်ပေမယ့်
ဘယ်အခါ နားလည်စွာနေပေးသူမို့
အချစ်တွေတိုး မြတ်နိုးလျက်ပဲ မောင်
မောင်
ဝါသနာတွေ
အရာရာကွဲပြားပေမယ့်
စာနာစွာ ညှိယူပေးသူမို့
မေတ္တာတွေတိုး လေးစားလျက်ပဲ မောင်
မောင်
အဝေးနေ အနေဝေးလည်း
သစ္စာ တွေ ပျက်မယွင်းသူမို့
လှမ်း လှမ်း၍ ရေမြေခြား
မောင် ချမ်း ချမ်း မြေ့ပါစေ သား

No comments:
Post a Comment