~~~~~~~~~

ပူသမျှ အပူတွေကို
အတူမျှခါ ယူမယ်ဆိုတဲ့
မောင့် မာယာရေ
ယောက်ကျားဆိုတဲ့
မာနတရား တွေကိုမှ
ခဝါချလို့ ထားရင်း
နင့် ရှေ့မှောက်မှာလေ
ဒူးထောက်ခါ လည်စင်းပေးခဲ့ပါရဲ့
မောင့် မာယာ
သနားမငဲ့လို့
ထားခဲ့သူဆိုတော့လည်း
ဘယ်မှာလာ အပျော်ပျက်လေမလည်း
မရွှင်အသည်းနာ
ရင်ကွဲခါ ကျန်ခဲ့သူကတော့
ရူးလောက်အောင် ချစ်မိလို့
မျက်ရည်စက်တွေတောင်
ကြွေခါ ကျခဲ့သေးတာပါ
မောင့် မာယာ
မာယာရေ
အပြစ်မြင် မချစ်ချင်လည်း
သိက္ခာတရားတွေကိုတော့
နင် ဘေးမှာမထားပါနဲ့ဟာ
သစ္စာတွေမွဲ မေတ္တာတွေမည်းနေတဲ့
သည်ခေတ်ကြီးမှာ မိန်းမပျက်တော့လေ
မဖြစ်စေချင်တာ ငါ့ စေတနာပါ
မောင့် မာယာ
ကြွေပါမစဲ ဝေခါသည်းလည်း
နင်
လျှောက်သော လမ်းတစ်ထောက်မှာဖြင့်
မေတ္တာ မိုးတွေရွာလို့
သစ္စာပန်းတွေ ပွင့်
အကြင်နာ လမ်းတွေဖွင့်ပါစေနော်
မာယာ ရေ
နှလုံးလှ လူသားရယ်မို့
ငါ အရူံးတွေနဲ့ ပြုံးပြခဲ့မယ်
ငိုဖို့လက်တို မျက်ရည်စို့လည်း
ကျန်သူအသည်း မာယာမပါပဲ
လှမ်း လှမ်း ၍ ရင်လွှာခြား
ချမ်း ချမ်း မြေ့ပါစေသား
No comments:
Post a Comment