ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, January 27, 2014

လွမ်း မျက် ရည်

´´လွမ်း မျက် ရည်``
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
Photo: ´´လွမ်း မျက် ရည်``
!!!!!!!!!!!!!!!!!!!!!!!!!

လွမ်းမျက်ရည် ဝေဒနာမီးတွေကိုမှ
မောင့် ရင်မှာ ကျွမ်းစေတော့ရယ်လို့
ချစ်သက်သေ မာယာလေးတွေနဲ့
သွေခွာပုန်းလို့ ပြေးသူ ခင် . 

ဖြေမစည် လွမ်းရသူမို့
တိမ်းရက်ခါ ယိမ်းရက်သူရယ်
မောင် စိမ်းရင် ငြိုငြင်မလား
ရင်ခွဲပါ ခင် ကြည့်လျှင်ဖြင့်
မြင်မိမယ်လို့ မောင် က ထင် ~

ဝေဒနာဒဏ် ကျွမ်းမြည့်ဆွေးတွေနဲ့
အဝိဇ္ဇာရယ် တိုးကာ ငင်တော့
သံယောဇဉ် ဘယ်လိုဖြတ်မလဲ
ပြောပြပါ ခင် &

သြော် 
ခင် မသိပေမယ့်
ဖြစ်မိတယ် ဒီရင်ထဲမှာ
ပူ...ပူ သရွေ့တွေကိုတော့
ခင်...ခင် တွေ့ကာ
~~~~~~~~~ ဘယ်သိနိင်မလဲ

(ချစ်ရသူလှိုင်မင်း)
လွမ်းမျက်ရည် ဝေဒနာမီးတွေကိုမှ
မောင့် ရင်မှာ ကျွမ်းစေတော့ရယ်လို့
ချစ်သက်သေ မာယာလေးတွေနဲ့
သွေခွာပုန်းလို့ ပြေးသူ ခင် . 

ဖြေမစည် လွမ်းရသူမို့
တိမ်းရက်ခါ ယိမ်းရက်သူရယ်
မောင် စိမ်းရင် ငြိုငြင်မလား
ရင်ခွဲပါ ခင် ကြည့်လျှင်ဖြင့်
မြင်မိမယ်လို့ မောင် က ထင် ~

ဝေဒနာဒဏ် ကျွမ်းမြည့်ဆွေးတွေနဲ့
အဝိဇ္ဇာရယ် တိုးကာ ငင်တော့
သံယောဇဉ် ဘယ်လိုဖြတ်မလဲ
ပြောပြပါ ခင် &

သြော်
ခင် မသိပေမယ့်
ဖြစ်မိတယ် ဒီရင်ထဲမှာ
ပူ...ပူ သရွေ့တွေကိုတော့
ခင်...ခင် တွေ့ကာ
~~~~~~~~~ ဘယ်သိနိင်မလဲ

No comments:

Post a Comment