----------------

ခရေးဖူး ကြွေ
ရွက်ဦးက ဝေလို့
အချစ်ဆူး သေ
ချစ်ဖူးဝေမှ နင်
မျက်ရည်တွေ မကျနဲ့ ခင် ....
စိတ်သဏ္ဍန် အချစ်ရူးတွေနဲ့
အဖိုးတန် အချစ်စစ်ပန်းတွေကိုမှ
သူရင်မှာ ဝေဆာမြူးအောင်
ယုယစွာ ပျိုးထောင်မိသူက
အလဲအကွဲ လုပ်မိရင်လေ
အသည်းကွဲမှာ ကြောက်တဲ့
ကျွန်တော်ရယ်ပါ ခင် ...
အကြင်နာတွေ စေတနာထူးပေမယ့်
နင် နတ်စေတန်ပင် ဝင်စားလေသလား
အရိပ်ခို အခက်မချိုးရပါပဲ
ရွက်သစ်ဝေ ဝေဆာမြူပါရော့
ခက်လက်တွေ ဆုံခါ ကျူးပါမှ
ရင်ဆိုတာတွေကို နင် ခုန်ခါ
ကူးရက်လေသလား ခင် ....
အချစ်ပေးလို့ အချစ်မရတာကလည်း
လောကကြီးရဲ့ သဘာဝပါပဲလေ
ပေးဆပ်သူ နှလုံးသားရယ်မှ
မုန်းတရားတွေလည်း မကြွယ်တော့ပါဘူး
နင် လမ်းကို နင် လျှောက်ပါလို့
နင် သွားရာ လမ်းတစ်လျှောက်မှာဖြင့်
အလွမ်းဆိုသော မိုးခါးရေတွေ
မရှိဘယ်ခါ ဝေးပါစေကြောင်း
ဆုခြွေတောင်းရင်း
ခင် ရေ
လှမ်း လှမ်း ၍ ကမ္ဘာတွေက ခြား
ချမ်း ချမ်း မြေ ပါ စေ သား ကွယ် ....
No comments:
Post a Comment