ပြုံးလို့သာရယ် နူတ်ဆက်မယ်
---------------------------------

အကြောင်းပြ ချက်တွေ
မပေး မပေးပါနဲ့လား ခင် ...
နှောင်း အတိတ် တွေ
အရိပ်လို ရှည်မှာဆိုးလို့
ချစ်စိတ်တွေကို သိမ်းထားမယ် ...
မပေါ်လာ ခင့် ကိုယ်တော့
တော်တော်ကြာ လွမ်းနေတာကရော
ပြန် မ ပြော ခြင် တဲ့
ဩော်
သံယောဇဉ် တွေများလား ခင် ....
ခင် ရေ
မခေါ်ပဲ လာ မနှင်ပဲ ပြေး
ချစ်စိတ်ဝေ တဒင်္ဂ အတွေးတွေနဲ့
စိတ်ဒဏ်ရာတွေ ပေးခဲ့လေသလား ...
ရှိစေတော့ ခင် ရယ်
ကံဆိုးမသွား မိုးလိုက်ရွာနေသမျှ
သစ္စာတွေ မွဲ မေတ္တာ တွေနည်းသော
မကြင်နာ ဒီလောကကြီးမှာ
ကိုယ်က အရမ်းချစ်ပြီး
ကိုယ်အပေါ်အရမ်း ချစ်တဲ့
ချစ်သူမျိုးသာ တွေ့ပါစေကြောင်း
တွေ့စေကြောင်းကို မုန်းမဖက်ပဲ
ပြုံးလျှက်သာကွယ် နူတ်ဆက်မယ် ....
No comments:
Post a Comment