------------------------------

စိတ် အခြေနေ
ဗျာပါဒ ကို
သေခြာ ဝေဖန်
ဆန်းစစ် ကြည့်တော့
ရုပ်လှတာထက်
စိတ်လှတာကို
ပိုမြတ်နိုးတယ် ချစ်သူ
လူချမ်းသာတာထက်
စိတ်ချမ်းသာတာကို
ပိုမြတ်နိုးတယ် ချစ်သူ
မောက်မာတာထက်
ဖော်ရွေတာကို
ပိုမြတ်နိုးတယ် ချစ်သူ
ပကာသန ဆန်တာထက်
ဟန်ဆောင်မှု့ ကင်းတာကို
ပိုမြတ်နိုးတယ် ချစ်သူ
ခေတ်ဆန်တာထက်
သိမ်မွေ့တာကို
ပိုမြတ်နိုးတယ် ချစ်သူ
ယုတ်မာတာထက်
ရိုင်းပင်းတာကို
ပိုမြတ်နိုးတယ် ချစ်သူ
တွန့်တိုတာထက်
လှူဒါန်း တာကို
ပိုမြတ်နိုးတယ် ချစ်သူ
ဖြူစင်စိတ်ထား
စွမ်းပကားနဲ့
ကြီးသူရိုသေ
ငယ်သူ သနား
ရွယ်တူလေးစားရင်
ချစ်သူရေ
အနေကြမှ
တို့တစ်တွေလေ
အသေလှမယ် ကွယ် ...
No comments:
Post a Comment