ယုံ တော် မူ ပါ ချို
-------------------
ပန်းများ အလည်
ကို လေ
လမ်း မှား မလွယ်ပါဘူး ချို ...
နွေး ထွေးတဲ့ လက်တစ်စုံနဲ့
ကို့ ကြင်နာစွာ ပိုက်ထွေးသွားမယ်
သစ္စာတွေ မိုးမြေ ထားလို့
မေတ္တာတွေ အလွန်းကြီးပါမယ်
မခွဲတမ်း တစ်သက်နဲ့လည်း
စွဲလန်း တစ်ဘဝမကပါဘူး ချို
ချို သာ ကို့ ကမ္ဘာ
ချို သာ ကို့ ကောင်းကင်
ချို သာ ကို့ လမင်းမို့
ဘယ်ပန်းတွေ ဘယ်လို့လှပါစေ
ချို မျက်နှာ ရွှင်ကြည့်ပြုံးကိုတော့
တုနှိုင်းပင် ယှဉ်မရပါဘူး ...
ချို ရေ
အလှမ်းကမ္ဘာတွေ ဝေးနေလို့
မှန်းစာစီ စာသီကုံးတော့လည်း
လွမ်းတာတွေပဲ လာမိအုံးမယ်
ရက် အချိန်တွေ မသိ
ပြက္ခဒိန် တွေမရှိလည်း အကောင်းသား
ခုတော့ ချို ရယ်
စက္ကန့် တိုင်းမှာ
ချို သာ ဖြစ်နေတဲ့ အထိ
အစဉ်ခွဲလို့ရယ် မရပါတော့
ရင်ထဲပင် တွယ်ညိလေတယ်
ချို ရယ်
အသက်တစ်ကြိမ် ရှုတိုင်းလေ
ချို့ ကို
ချစ်တယ် ချစ်တယ် တဲ့ ချို .....
No comments:
Post a Comment