---------------------
စံပယ်ဖူးတွေ ဝေပြီ
ခင် ရေ
အရွက်တွေ ကြွေကြ
အသစ်တွေ ဝေပြပေမယ့်
မောင့် အချစ်ဖူးတွေကတော့
ခင် နဲ့အတူ သေဆုံးခဲ့ပြီလေ ...
ခင် ရေ
အနမ်းပေးရင် အလှမ်းဝေးမှာ
စိုးထိတ်ခါ ကြောက်လှသူမို့
လွမ်းတေးတောင် မဆိုငြီးဝံ့ပါဘူး
သြော်
ရေမြေတွေ စည်းကာခြားလို့
တို့နှစ်ကိုယ် ရင်ခြင်းနီးတာပဲလေ
လွဲဖို့ကံ မရှိလောက်ဘူးရဲ့ပေါ့
မြန်းမကြာ ဌာနေစခန်းဆီသို့
ဂဟေဆက်မယ် စိတ်အတွေးနဲ့
လှမ်း လှမ်း ၍ လာခဲ့တယ်
ရောက်မကြာ ခင် သက်လျာက
နောက် နောက် တဗွေ လက်ကိုတွဲရင်း
လှမ်း လှမ်း လျှောက်ခါ ကြို ခဲ့တယ်

No comments:
Post a Comment