ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, January 27, 2014

ညီမလေးလိုပါပဲ မာယာ ရယ်

ညီမလေးလိုပါပဲ မာယာ ရယ်
-----------------------------
Photo: ညီမလေးလိုပါပဲ မာယာ ရယ်
-----------------------------

သံယောဇဉ် ဝေဒနာ
ရေသောက်မြစ်တွေက
ပြန်ပြောရင် ကျိမ်စာတွေ 
ဖြစ်လေမလား မာယာ ...

ငါ မဖိတ်ခေါ်ပဲလာ
ငါ မနှင်ရပါပဲ သွား
နင် ခလောက်ဆန်လို့
ဖောက်ပြန်ရက်လေသလား မာယာ ...

နှောင်းအတိတ်က ဝဋ်ဘက်ကြမ္မာ 
မလွတ်သာ သေးသမျှတော့
ကံဆိုးမသွားရာ မိုးလိုက်လို့
ငါ့ ဘဝတွေ ရွာခဲ့လေသလား မာယာ ..

ဥာဏ်မွဲလို့ကူ ကံနည်းလို့ထူသူကိုမှ
ဆန်ကောလောက်မှ ဇောက်မနက်သော
အတွေးခါးခါးကြီး တွေနဲ့ 
နင် ဘဝကိုယ် နင် ဖျက်စီးလေသလား မာယာ ...

မာယာ ရေ
အတိတ်ဆိုတာတွေက 
မေ့ထားလို့ရရင်လည်း
အကောင်းသားလားကွယ်
အရိပ်လို့သာ ကပ်ညှိနေသမျှ
နင် ကတော့ ငါ့ ဘဝမှာ
အမည်းစက်လို ရှိနေအုံးမှာပါပဲ မာယာ ...

ငါ ကျိမ်စာတွေ တိုက်ချင်တာပ
ဒါပေမဲ့
ငါ ဆိုတဲ့ နင် ထားခဲ့တဲ့ကောင်ကြီးက
မေတ္တာတွေပုံ သစ္စာတွေ ယုံနေသမျှတော့
အမုန်းဆိုတာ ဝေလာဝေးလို့
ဆု ဆိုတာတွေပဲ တောင်းပေးနေမိတယ် မာယာ ..

ငါ ဘဝမှာ နင် မရှိတော့ပါဘူးနော်
သစ္စာကမွဲ မေတ္တာကနည်းတဲ့
နင် အတွက်
နင် လမ်း နင်လျှောက် နင် လမ်း နင်ဖောက်ပေါ့
သံသရာတစ်ပတ်လည်လို့ ကံကြမ္မာရဟတ်မှာ
တို့တစ်တွေ ပြန်ဆုံတွေကြရင်တော့
နင် ဟာ 
ငါ့ အတွက်တော့ ညီမလေးတစ်ယောက်ပါ ကွယ် ....

(ချစ်ရသူလှိုင်မင်း)
သံယောဇဉ် ဝေဒနာ
ရေသောက်မြစ်တွေက
ပြန်ပြောရင် ကျိမ်စာတွေ 
ဖြစ်လေမလား မာယာ ...

ငါ မဖိတ်ခေါ်ပဲလာ
ငါ မနှင်ရပါပဲ သွား
နင် ခလောက်ဆန်လို့
ဖောက်ပြန်ရက်လေသလား မာယာ ...

နှောင်းအတိတ်က ဝဋ်ဘက်ကြမ္မာ
မလွတ်သာ သေးသမျှတော့
ကံဆိုးမသွားရာ မိုးလိုက်လို့
ငါ့ ဘဝတွေ ရွာခဲ့လေသလား မာယာ ..

ဥာဏ်မွဲလို့ကူ ကံနည်းလို့ထူသူကိုမှ
ဆန်ကောလောက်မှ ဇောက်မနက်သော
အတွေးခါးခါးကြီး တွေနဲ့
နင် ဘဝကိုယ် နင် ဖျက်စီးလေသလား မာယာ ...

မာယာ ရေ
အတိတ်ဆိုတာတွေက
မေ့ထားလို့ရရင်လည်း
အကောင်းသားလားကွယ်
အရိပ်လို့သာ ကပ်ညှိနေသမျှ
နင် ကတော့ ငါ့ ဘဝမှာ
အမည်းစက်လို ရှိနေအုံးမှာပါပဲ မာယာ ...

ငါ ကျိမ်စာတွေ တိုက်ချင်တာပ
ဒါပေမဲ့
ငါ ဆိုတဲ့ နင် ထားခဲ့တဲ့ကောင်ကြီးက
မေတ္တာတွေပုံ သစ္စာတွေ ယုံနေသမျှတော့
အမုန်းဆိုတာ ဝေလာဝေးလို့
ဆု ဆိုတာတွေပဲ တောင်းပေးနေမိတယ် မာယာ ..

ငါ ဘဝမှာ နင် မရှိတော့ပါဘူးနော်
သစ္စာကမွဲ မေတ္တာကနည်းတဲ့
နင် အတွက်
နင် လမ်း နင်လျှောက် နင် လမ်း နင်ဖောက်ပေါ့
သံသရာတစ်ပတ်လည်လို့ ကံကြမ္မာရဟတ်မှာ
တို့တစ်တွေ ပြန်ဆုံတွေကြရင်တော့
နင် ဟာ
ငါ့ အတွက်တော့ ညီမလေးတစ်ယောက်ပါ ကွယ် ....

No comments:

Post a Comment