----------------------------
အမြင် မတော်
မာန တွေနဲ့
လူ့ဘဝ ရယ်
ဒီ ခဏမှာ
ဥာဏ်ဆိုး သုံးလို့
ငါ့ ဘဝကို
နင်းချေ သွားသူရေ ....
ဆင်ပေါ်မှာ အသာရ
အဲဒါက တစ်ခဏပါကွယ်
ပြာကြရင် ဘာမှမရတာကိုက
သဘာဝပါ မာယာရေ ...
အကြောင်းမအပ်လို့
မပေါင်းအပ်ရင်လည်း
အချစ်ကိုတော့ လေ
နင် မကစားပါနဲ့ လား
ပန်းဆိုတာတွေ က
ဖူးပြီး ရင် ပွင့် ရ
ပွင့် ပြီးရင် ကြွေရနဲ့
ဂလိုဘယ် လိုက်ဇေးရှင်းမှာ
နင့် အပျိုရွယ်ကိုတော့
ပန်းဖျက်မုဆိုးတွေကို
နှိုက်မြည်း မမိစေနဲ့လေ
အယူက လွဲ အသိကမွဲမို့
ပန်း ဘဝလို ငြိုးခါ ကျရင်
နင် (ဖာ) ဖြစ်မယ် မာယာ ....

No comments:
Post a Comment