------------------------

မဖြေသာ ဝေဒနာပန်းချီအလား
သွေခွာဖီ တိမ်းရက်လေတဲ့
ချစ် သော မောင် ....
မလွမ်းရဲသူ ကိုမှ
ဝေဒနာတွေ ရင်မှာပင်
နင့် ခြင် နင့်စေတော့ရယ်လို့
ထားရက်ခဲ့လေသလား မောင် ...
လွမ်းစဲအပူ ကျွမ်းမြဲဆူလည်း
အွန်လိုင်းမှာမို့ အမြင်တွေပင်
ရိုင်းလေသလား မောင် ...
တဒင်္ဂ အချစ်တွေက
ကျွန်မတို့ ရင်မှာလေ
ခဏ ခဏ မဖြစ်ပါဘူး မောင် ....
အပျော်မချစ် အသစ်မရှာခဲ့ပါပဲ
မြှာပွေခါ အညှာခြွေခဲ့လေ သလား
ဒီမှာ မောင်
မိန်းမသားမို့ ပန်းဦးအလှူလည်း
ပေးဆပ်မလှူ ခဲ့ပါဘူးလေ
မိန်းမမြတ် မြည်ထား
မိခင် လောင်းလျာများမို့
ပန်းကောင်းတစ်ပွင့် သာ
ရင်မှာ မြတ်နိုးခါ
ပန်ဆင်ချင်မိသူပါ မောင် ....
ဒီမှာ မောင်
မလွမ်းရဲလို့ လမ်းခွဲရက်တာကိုတော့
လွမ်းအသည်းတွေ ကွဲပြမနေတော့ပါဘူး
သစ္စာဆိုတာ ရှား မေတ္တာဆိုတာ ပါးတဲ့
မတည်မြဲသော လောကကြီးမှာ
အချစ်စစ်တွေကိုမှ ညာယူသော
ရှင့် လိုလူ မောင် စိမ်းကားကိုလေ
ကျွန်မ အသည်းမှ မောင်းထုတ်မယ်
No comments:
Post a Comment