ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, January 27, 2014

မကြင်နာသူ သို့

မကြင်နာသူ သို့
------------------
Photo: #မကြင်နာသူ သို့
------------------

မကြင်မနာ အချစ်အလွမ်းတွေနဲ့
ရင်ခွင်မဟာ အုတ်တံတိုင်းဆီသို့
တမင်တကာ ဝင်ရောက်လာသူရေ ....

သံသရာ ဘုံတစ်ကွေ့မှာမှ
ဩော်
ကံကြမ္မာ ထုံမွှေပေလို့
လာ ဆုံတွေ့ကြခြင်းပါ ခင် ရယ် ....

အကြောင်းမအပ်လို့ မပေါင်းအပ်ရင်
ခင် လည်းမမုန်း မောင် လည်းမမုန်းပဲ
အပြုံးများနဲ့သာ လမ်းခွဲကြေးပေါ့
ခုတော့ ခင်ရယ်
ချစ်စိတ်ဝေ မောင့်ရင်တွင်းမှာ
အချစ်ဖူးတွေ ထပ်မပွင့်ရဲအောင်ပ
ခင် ကတော့ အသစ် အသစ်တွေနဲ့
ထပ် ထပ်ပြီး ချစ်ပြနေလိုက်တာ 
မရွှင်မသည်း နာစမ်းပါဘိ ကွယ် ....

ခင် ရေ
ပန်းပေးရင် အလှမ်းဝေးမှာကြောက်သူကို
လွမ်းတေးတွေ ဆိုငြီးစေရောရယ်လို့
ခင် ကျိန်စာတွေ တိုက်ခဲ့လေသလား
စိတ်ချပါ ခင် 
ရက်မလည်ခင် ခင့်အချစ်တွေကို
ကြေးစည်သံ လှိုင် လှိုင် ထုရင်း
မကြင်နာသူ မိစိမ်းကားကို
မောင် ကိုယ်တိုင် မောင်း ထုတ် မယ် ....

(ချစ်ရသူလှိုင်မင်း)

မကြင်မနာ အချစ်အလွမ်းတွေနဲ့
ရင်ခွင်မဟာ အုတ်တံတိုင်းဆီသို့
တမင်တကာ ဝင်ရောက်လာသူရေ ....

သံသရာ ဘုံတစ်ကွေ့မှာမှ
ဩော်
ကံကြမ္မာ ထုံမွှေပေလို့
လာ ဆုံတွေ့ကြခြင်းပါ ခင် ရယ် ....

အကြောင်းမအပ်လို့ မပေါင်းအပ်ရင်
ခင် လည်းမမုန်း မောင် လည်းမမုန်းပဲ
အပြုံးများနဲ့သာ လမ်းခွဲကြေးပေါ့
ခုတော့ ခင်ရယ်
ချစ်စိတ်ဝေ မောင့်ရင်တွင်းမှာ
အချစ်ဖူးတွေ ထပ်မပွင့်ရဲအောင်ပ
ခင် ကတော့ အသစ် အသစ်တွေနဲ့
ထပ် ထပ်ပြီး ချစ်ပြနေလိုက်တာ
မရွှင်မသည်း နာစမ်းပါဘိ ကွယ် ....

ခင် ရေ
ပန်းပေးရင် အလှမ်းဝေးမှာကြောက်သူကို
လွမ်းတေးတွေ ဆိုငြီးစေရောရယ်လို့
ခင် ကျိန်စာတွေ တိုက်ခဲ့လေသလား
စိတ်ချပါ ခင်
ရက်မလည်ခင် ခင့်အချစ်တွေကို
ကြေးစည်သံ လှိုင် လှိုင် ထုရင်း
မကြင်နာသူ မိစိမ်းကားကို
မောင် ကိုယ်တိုင် မောင်း ထုတ် မယ် ....

No comments:

Post a Comment