ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, January 27, 2014

မောပြီ မာယာ ရယ်

မောပြီ မာယာ ရယ်
-------------------
Photo: မောပြီ မာယာ ရယ်
-------------------

အရှက်ပြေ အနမ်းတွေနဲ့
မျက်ရည်တွေ ဘမ်းပြပြီး
ငါ့ နှလုံးသားနုနုလေးကိုမှ
ထပ်မချွေနဲ့တော့ မာယာ ...

အရိပ်ဝေ နင့် အချစ်ပင်မှာ
ငါ အဆိပ်တွေ ချွေခူးခဲ့တာပ
နေမြင့်လေ အရူးရင့်လေနဲ့
ငါ့ အဖြစ်ဆိုးတွေက
ဆူးကြားက ဗူး ခါးသလို
ငါ တော်တော်လေးကိုဖြင့်
နင့် အပေါ် 
အချစ်တွေ ရူးခဲ့တာပါ မာယာ ....

နင် ထားရာနေ နင် စေရာသွားရင်း
အကြိုက်ဆောင် အလိုက်ဆောင်ခဲ့တာက
နင့်ကိုယ် ချစ်တဲ့စိတ်တစ်ခုတည်းရယ်ပါ
နင် အိုင်တွေတိုင်း ခြေဆေးရအောင်
ငါ့ နှလုံးသားက ရောင်းကုန်မဟုတ်ဘူး မာယာ ....

အချစ်ဆိုတဲ့ ခက်ဆစ်ကိုမှ
ငါ ဆိုတဲ့ နင်ထားခဲ့တဲ့ကောင်က
တစ်ခန်းတစ်နားနဲ့ စာဖွဲ့ခြင်တဲ့ကောင်
အရိုးစွဲအောင် ချစ်ခဲ့မိလို့
ငါ အသည်းကွဲတာ မစမ်းပါဘူး မာယာ ...

တစ်ခုလေးတော့ ပြောပြလိုက်မယ်
ကျိန်စာတွေ မတိုက်ဝံ့သူမို့
နင် အချစ်ကိုတော့ ထပ်မကစားလေနဲ့
နင် (ဖာ) ဖြစ်သွားလိမ့်မယ် မာယာ ...

ပြောသာပြောရတာပါ လေ
နင် စိတ်အရင်းမှန် ဗီစ ကိုက
ကျွဲပါးစောင်းတီး သလိုပ
ငါ တော်တော် မောပြီ မာယာရေ ...

(ချစ်ရသူလှိုင်မင်း)
အရှက်ပြေ အနမ်းတွေနဲ့
မျက်ရည်တွေ ဘမ်းပြပြီး
ငါ့ နှလုံးသားနုနုလေးကိုမှ
ထပ်မချွေနဲ့တော့ မာယာ ...

အရိပ်ဝေ နင့် အချစ်ပင်မှာ
ငါ အဆိပ်တွေ ချွေခူးခဲ့တာပ
နေမြင့်လေ အရူးရင့်လေနဲ့
ငါ့ အဖြစ်ဆိုးတွေက
ဆူးကြားက ဗူး ခါးသလို
ငါ တော်တော်လေးကိုဖြင့်
နင့် အပေါ်
အချစ်တွေ ရူးခဲ့တာပါ မာယာ ....

နင် ထားရာနေ နင် စေရာသွားရင်း
အကြိုက်ဆောင် အလိုက်ဆောင်ခဲ့တာက
နင့်ကိုယ် ချစ်တဲ့စိတ်တစ်ခုတည်းရယ်ပါ
နင် အိုင်တွေတိုင်း ခြေဆေးရအောင်
ငါ့ နှလုံးသားက ရောင်းကုန်မဟုတ်ဘူး မာယာ ....

အချစ်ဆိုတဲ့ ခက်ဆစ်ကိုမှ
ငါ ဆိုတဲ့ နင်ထားခဲ့တဲ့ကောင်က
တစ်ခန်းတစ်နားနဲ့ စာဖွဲ့ခြင်တဲ့ကောင်
အရိုးစွဲအောင် ချစ်ခဲ့မိလို့
ငါ အသည်းကွဲတာ မစမ်းပါဘူး မာယာ ...

တစ်ခုလေးတော့ ပြောပြလိုက်မယ်
ကျိန်စာတွေ မတိုက်ဝံ့သူမို့
နင် အချစ်ကိုတော့ ထပ်မကစားလေနဲ့
နင် (ဖာ) ဖြစ်သွားလိမ့်မယ် မာယာ ...

ပြောသာပြောရတာပါ လေ
နင် စိတ်အရင်းမှန် ဗီစ ကိုက
ကျွဲပါးစောင်းတီး သလိုပ
ငါ တော်တော် မောပြီ မာယာရေ ...

No comments:

Post a Comment