ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, January 27, 2014

တစ်ပြည်သူ မောင့် သက်ထား သို့

** တစ်ပြည်သူ မောင့် သက်ထား သို့ **
&&&&&&&&&&&&&&&&&&&&&&&

Photo: ** တစ်ပြည်သူ မောင့် သက်ထား သို့ **
&&&&&&&&&&&&&&&&&&&&&&&

တစ်ပြည်သူ မောင့် သက်ထားရေ
ဩော်
အခြေမတူ ဘဝတွေခြားသလိုပ
ရေမြေတွေ စည်းကာခြားလေရဲ့ ။ ။

တူနှစ်ကိုယ် လှမ်းကြမယ်
မြန်းစို့ရွယ် ဂဟေဆက်စေဖို့
စိတ်အတွေးဝယ် ကိုယ်ဆီရှိပေမယ့်
အနမ်းကမ္ဘာ တစ်လျှောက်မှာဖြင့်
အလွမ်းမွေ့ယာကလေးကသာ
ပြေးလို့သာ ကြိုနေလေရဲ့ ။ ။

သက်ထား ရေ
အပြင်မှာ တူနှစ်ကိုယ်ဆုံရင်ဖြင့်
ဘယ်နေ့မှာ ဘယ်လို လွမ်းလို့
ဘယ်နေ့မှာ ဘယ်လို ချစ်ကြောင်း
လွမ်းတာတွေ စာသီကြရင်တော့
တစ်ထောင့်တစ်ညထက်ပင်
ပိုလို့သာ ရှည်နေမလား ....

တပေါင်း တန်ခူး ကုန်မြောက်လို့
ပြောင်းကူးခါ နှစ်တွေသစ်လည်း
အချစ် အချစ်ဝေ မေတ္တာစစ်တွေနဲ့
သံယောဇဉ်တွေ ရစ်ခါတိုးတယ်
သက် ထား ရယ်
အသက်ရှူတိုင်းမှာ လွမ်း တယ် ကွယ် ....

(ချစ်ရသူလှိုင်မင်း)
တစ်ပြည်သူ မောင့် သက်ထားရေ
ဩော်
အခြေမတူ ဘဝတွေခြားသလိုပ
ရေမြေတွေ စည်းကာခြားလေရဲ့ ။ ။

တူနှစ်ကိုယ် လှမ်းကြမယ်
မြန်းစို့ရွယ် ဂဟေဆက်စေဖို့
စိတ်အတွေးဝယ် ကိုယ်ဆီရှိပေမယ့်
အနမ်းကမ္ဘာ တစ်လျှောက်မှာဖြင့်
အလွမ်းမွေ့ယာကလေးကသာ
ပြေးလို့သာ ကြိုနေလေရဲ့ ။ ။

သက်ထား ရေ
အပြင်မှာ တူနှစ်ကိုယ်ဆုံရင်ဖြင့်
ဘယ်နေ့မှာ ဘယ်လို လွမ်းလို့
ဘယ်နေ့မှာ ဘယ်လို ချစ်ကြောင်း
လွမ်းတာတွေ စာသီကြရင်တော့
တစ်ထောင့်တစ်ညထက်ပင်
ပိုလို့သာ ရှည်နေမလား ....

တပေါင်း တန်ခူး ကုန်မြောက်လို့
ပြောင်းကူးခါ နှစ်တွေသစ်လည်း
အချစ် အချစ်ဝေ မေတ္တာစစ်တွေနဲ့
သံယောဇဉ်တွေ ရစ်ခါတိုးတယ်
သက် ထား ရယ်
အသက်ရှူတိုင်းမှာ လွမ်း တယ် ကွယ် ....

No comments:

Post a Comment