
သံယောဇဉ် ရင်အနွမ်းတွေက
ပြန်ပြောရင် ရွှေကြာရိုး အလား
တွယ် လွန်း တယ် ကွယ် ....
ဆုံးကမ္ဘာ မြေမဟီ စခန်းဆီမှ
မုန်းတာတွေ အမျက်ပြေတော့ရယ်ပေါ့
မြတ်ဘုရားမှာ နှစ်ကိုယ်သစ္စာပြုတုန်းဆီသို
တမ်း တ ရင်း ခြွေ ...
မဖြေသာ ပန်းချီ ဝေဒနာပုံရိပ်တွေက
အညာ နေ ချောင်းရေကိုသောက်သလို့ပ
ရေတွေသာ ခန်းခဲ့ပေမယ့်
သဲ မကောသလို သည်ရင်လွှာ အနွမ်းတို့လည်း
မလျော့ခဲ့ပါလား ကွယ် ....
တူနှစ်ကိုယ် ဂဟေဆက်မယ်လို့
ရည်ရွယ်ခါ လှမ်းခဲ့ကြပေမယ့်
လ နဲ့ နေ လိုများ တို့နှစ်ဦးမှာဖြင့်
မဆုံနိင်ခဲ့လေ သလား ....
ချစ် သူ ရေ
မဆုံနိင် သံသရာ ဘုံတစ်ကွေ့မှာဖြင့်
ကံကြမ္မာရယ် ရက်စက်လွန်းပါတော့
မျှော် လင့် စေ
လွမ်း ဗျာ ပွေ ရွှေ ရင် နင့် တယ်
ဩော်
ချစ်သူရယ်
တမ်းတ ကြွေ ကွဲ .....
No comments:
Post a Comment