ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, December 10, 2013

စိတ် ကြိုက် သာ နှင်း


စိတ် ကြိုက် သာ နှင်း
===========

မြင်ကတည်းက
ရင်ထဲမှာစွဲ အသည်းနစ်အောင်
ချစ်ခဲ့မိတယ် ခင် ....

ဒုတိယမိ ချစ်ခြင်းတွေနဲ့
ရင်ဖွင့်မိသူက ကျွန်တော်မို့
မတော်တရားနဲ့ အနားကပ်တယ်ထင်မိခါ
သုဘဒ္ဒါလို မျက်မာန်ရှမှာလည်း
စိတ်အတွေးဝယ် သိခဲ့ပေမယ့်
ချစ်မိသူ နှလုံးသားရယ်ကြောင့်
ဩော် ...
အသေသက်ခဲ့ရင်လည်း ကျေနပ်နေမှာပါ ခင် .....

ခင် ရယ်
ဝေဒနာတွေ ရင်မှာမငြိမ်းလေတော့
အကြင်နာတွေ နှစ်ဆင့်ပိုမိသူကို
သတ်လိုကသတ် ထားလိုက ထား
ခင်မကြင်နာ ရှောင်ပုန်းနေသမျှ
သည်ရင်မှာ ပျော်မယ်ထင်သလား
ရင်တွင်းမှာ ဆယ်နေကဲသလိုပ
အမြဲတမ်းပင် ပူလောင်လှပါရဲ့
ခင် မစိမ်းခင် အသေသတ်ရအောင် 
နှလုံးသားကို ကြိုးချည်ထားပေးမယ်
ခင် ရေ
စိတ် ကြိုက် သာ နှင်း .......

No comments:

Post a Comment