ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, December 10, 2013

ချစ်သူ ဖတ်ဖို့(၂၃)

ချစ်သူ ဖတ်ဖို့(၂၃)
------------------

သစ္စာလမ်းမှာ
မေတ္တာတွေများ
ဖြန်းတုန်းကလေ
ချစ်စရာနှယ်
ပန်းမယ်မယ်က
ပွင့်ဖူးဝေဆာ
ရှိခဲ့ကြတာ
မှတ်မိအုံးမလား ခင် ~~~

မေတ္တာတွေ ခန်းလို့
သစ္စာတွေ နွမ်းခဲ့လေသလား
ခင် ရယ် @@
ခင်မင်မူ့ ကို အခြေတည်
သန္ဓေတည်ခါ ဖြစ်လာတာက
မောင့် တို့ ချစ်ခြင်းတရားတွေပါ ***

မောင့် အချစ် မောင့် မေတ္တာတွေကိုမှ
ခင် မမြင် ခင် မသိပေမယ့်လည်း
သြော်
ကျေနပ်နေမဲ့ ကောင်စားပါ
မေတ္တာကို ရွေးသီ သစ္စာကို ထုံမွှန်း
အကြင်နာတွေ ဝေဆာဖြိုးပေမယ့်
ခင် မကြင် စိမ်းကားရက်သူမို့
ပွင့်သောအချစ်များ နွမ်းခဲ့ ပြီ .....


No comments:

Post a Comment