------------------
ချစ်မိ ရင်ခွင်
အပြစ် မြင်လို့
မုန်းမာန် ရက်စက်
ပုန်း ရက်လေသလားကွယ် ....
တစ်ကယ် တမ်းဆို
ခင် မလွမ်းဘူးနော်
မျှော်ရ ဆွေးရ
ချစ်မိ ဘဝကို
သနား မညှာ
တွေ့လျှက် မခေါ်
မြင်လှည့် မကြည်
သိလည်း မသနား
စာ ရယ် မလာ
သတင်း ပင် မကြားလို့
နေရက် နိင်တာများကွယ် ....
မေတ္တာ ငတ် သူကိုလေ
အပြုံးချိုချို တွေပေးလို့
အိမ်မက်ဆန်စွာ နဲ့
ပျောက်ကွယ် ရက်လေသလား
ခင် မကြင် ခင် မသနားပေမယ့်
ရင်ထဲမှာ အစဉ်ရှိသူရယ်
တစ်နေ့ တစ်ရက် ပင် မဟုတ်လေတော့
ထာဝစဉ်သာ အနားနေချင်မိသူက
ဘယ် အမုန်းတရားနဲ့ မေ့ ရ ပ .....
ချစ်မိနေတဲ့ နှလုံးသားက
ခင် ကျေနပ်ခါ ပျော်ရွှင်မယ်ဆို
မာန ဆိုတဲ့ သိက္ခာတရား
ဘေး ချိတ်ခါထားလို့
ခင့် ရှေ့ဝယ် ဒူးထောက်ခါ
လည်စင်း ပေးလိုက်ပါရဲ့
စိတ်ကြိုက်သာ နှင်းလိုက်တော့ကွယ် .....

No comments:
Post a Comment