ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, December 10, 2013

ငါ မတွေ့ ပါရစေနဲ့ မိမာယာရယ်


ငါ မတွေ့ ပါရစေနဲ့ မိမာယာရယ်
----------------------------------
ပြီဆုံးခဲ့သော ဇတ်လမ်းတစ်ပုဒ်
ငါ မှတ်တမ်းပြန် ထုတ်နေတာတော့
မဟုတ်ဘူး မိမာယာ ***

အတိတ်ဆိုတာတွေက
အရိပ်လိုသာ ရှိမနေဘူးဆို
ငါ ဘဝက ပျော်စရာအတိပေါ့ 
အမှတ်တရတွေကိုလေ
အမှတ်တမဲ့ ပြန်တွေ့တိုင်း
နှစ်မွှာရင်တွင်း အသည်းက 
တစ်ဆစ်ဆစ် နာကျင်လွန်းလို့ပါ 
မိ မာယာ ရယ် 

အရှိနဲ့ သတိကိုကပ်ကြည့်တော့
နင် လို့ မိန်းမစားမျိုးကလေ
နောင်တ ဆိုတာ ဘယ်တော့မှ
မရမဲ့ ကောင်မမျိုး ပေါ့
ဥာဏ်မွဲလို့ ကူ ကံနည်းလို့ ထူပေမယ့်
မွဲခြင်တဲ့ ခွေး ပြာပုံ တိုး ဆိုသလိုမျိုးပဲ
မာယာ တွေခပ်များများနဲ့
ကျား တစ်ကာရဲ့ ရင်ခွင်မှာမှ
နင် ကလေ ရစ်တွယ်ချင်သော
ရာဂ အမှောင်ဖုံး ပါလို့
အပျက်မ ဟန်တွေသုံးရင်း
အဆန်မရှိပဲ အသံသာ
မြည်ချင်လေသလား ကွယ်
မိ မာယာ ရယ်

မိမာယာရေ
နင့်အကြောင်းတွေကို စာစီရရင်
တစ်ထောင့်တစ်ညထက် ပိုရှည့်လိမ့်မယ်
တရိပ်ရိပ်တက်လာတဲ့ ဒေါသတွေကို
ကဗျာတွေဖြင့် အသက်သွင်း
ငါ့ ဘဝ ငါ ပုံဖော်နေခြင်းကိုတော့
နင် နားလည်လို့ထားပေးပါနော်
ရင် ဆိုက ခံစားတက် လွမ်းတက်
ချစ်တက်တာကိုတော့ နင်သိမှာပါ
ကံမကုန်လို့ ပြုံဆုံရင်တော့
မိန်းမပျက်အဖြစ် ငါမတွေ့ပါရစေနဲ့
မိမာယာ ရေ 

No comments:

Post a Comment