----------------

ခင် သိလေမလား
သည်နေ့မှာ သည်လို့လွမ်းလို့
ဟိုနေ့မှာ ဟိုလိုလွမ်းတာတွေ
နှစ်ကိုယ် အပြင် မှာဆုံရင်ဖြင့်
ချစ်တာတွေ စာသီဖွဲ့မယ်လေ
စိတ်အတွေးမယ် ဖြစ်မိပေမယ့်
ချစ်တဲ့သူ ခင်သက်လျာက
တမင်ခွာ စိမ်းရက်လေတော့
ခင်ရယ်
နေ့တိုင်းပင် စိတ်ညစ်တယ် .....
ခင် သိလေမလား
မတွေ့တစ်ရက် ကလေးနဲ့
တစ်နေ့တစ်သက် ဝေးတောင်မှ
ဆယ်သက် ဆယ်ကမ္ဘာရယ်
ဝေးတယ်ထင်ရ မောင့် ဘဝကို
မကြင်နာလို့ တိမ်းခဲ့ရင်လည်း
ခင်ရယ်
သည်ရင်မှာ အစဉ်ရှိသူမို့
သြော်
ချစ် လျက် ပါ ပဲ ။ ။
No comments:
Post a Comment