အရမ်းချစ်ပါတယ် ချစ်သူရယ်
-------------------------------

ခင် ရယ်
ရင်မှ သမုဒယ
တွယ်လို့ ယုယစွာဖြင့်
ပထမ အဖြစ်တွေကိုမှ
ပွင့်လင်းစွာ ရင်ဖွင့်ပြလို့
မေတ္တာငတ်သူကလေ
မေတ္တာတွေတောင်းခံခြင်းပါ **
ရင်ထဲက အတိုင်းအစ
နိုင်းပြလို့ မရပါဘူးလေ
လောကမှာ အာဒံ အစ
အခြေတည်ခါ လူဖြစ်လာတော့
ချစ် တာ တွေ ကို ဖြင့်
အပြစ်မဆို ပါနဲ့လား နော်
နူတ်တရာ စာစကားလုံးတွေနဲ့
ချစ်တာတွေ စာသီကုံးရင်
မေတ္တာတွေ ကဗျာပန်းချီရူံးမယ်
မခွဲတမ်း တစ်သက်ပါ
စွဲလန်းလျက်မို့
မောင် လေ ခင့် ကို
အရမ်း ချစ်တယ်မိတော့
ဩော်
အပစ်အနာ တရတွေရှိခဲ့လို့များ
အကြွေပန်း ဖြစ်ပါစေလေ
ခြွေလို့ရယ် မောင် မနမ်းပဲ
မောင့် မေတ္တာအသင်္ချေနဲ့
လန်းသွားရမယ် ယုံစမ်းပါကွယ်
အရမ်းချစ်တဲ့ ချစ်သူရယ် .....
No comments:
Post a Comment