ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, December 10, 2013

ညီမလေး တို့ကို သိစေခြင်


ညီမလေး တို့ကို သိစေခြင်
--------------------------

ညီမလေးရေ
အိုင်ပတ် အိုင်ဖုန်း 
အက်စ်သရီး အက်စ်ဖိုးတွေ 
ကိုင်ခါပြမှ ဘဝဆိုတာက
ပြည့်စုံ သတဲ့လား ကွယ် 
ညီမလေး ရယ် ....

ညီမလေးရေ
ခေတ်ဆိုတဲ့ ရေစီးကြောင်းမှာ
ခေတ်အမြင် ခေတ်စကားတွေနဲ့
ရှေ့ကွဲ နောက်ကွဲ ရင်ဟိုက် ချက်ပေါ်
ဒူး အထက်ရယ် စကယ်တိုများ
ဝတ်လို့ထားတော့ ကာမတဏှာ
ဖိတ်ခေါ်လင့်စား မထင်ဘူးလားကွယ်
ညီမလေး ရယ် ...

ညီမလေးရေ
မဝတ်နဲ့တော့ မပြောပါဘူး
ခေတ်ဆိုတော့လည်း ဝတ်ရမှာပေါ့
ခေတ်ဇရိုက် ခေတ်အမှိုက်တွေနောက်
လိုက်ခါလေ လမ်းမမှားစေနဲ့
အတုမြင် အတက်သင်လို့
ဘီရာဆိုတာရယ် အရက်တွေက
ညီးတို့ ညီးတို့ အတွက်လားကွယ်
ညီမလေး ရယ် .....

ညီမလေးရေ
ပညာရှာချိန် ကြင်ယာမရှာနဲ့ ...
အရွေးမှားခါ လမ်းမသလားနဲ့ ...
ဂေါ်လီလို့ တော်ကီတွေနဲ့
အသပြာ ကျအောင် ချူမစားနဲ့ ...
ဆူးပေါ်ဖတ်ကြ ဖတ်ပင်ပေါက်တယ်
ဆူးက မကျိုး နင့် ဘဝငြိုးမယ်
တန်းဖိုးထားခါ နားလည်စေကွယ်
ညီမလေး ရယ် ....

ညီမလေးရေ
သည် ခေတ်ကြီးမှာ မာယာများတယ်
အယုံမလွယ် လိုက်လေနဲ့
အကုန် နှိုက်ခါ တွယ်လိမ့်မယ်
အိမ်ထောင်ဖက်သား ရွေးကြရင်လည်း
ဘာသာမတူ မျိုးနွယ်ကခြား 
ကုလားမယားတော့ မဖြစ်စေနဲ့ ...
စောင့်လေမျိုးနွယ် ကျင့်ငါးသွယ်နဲ့
သာသနာကိုထိန်း ဘေးမတိမ်းနဲ့ ....
ဘာသာမတူ အိုးအိမ်သူ
ဘယ်မှာလာလို့ အစဉ်ပြေမလဲ
သေခြာ စဉ်းစားတက်စေကွယ် 
ညီမလေး ရယ် ...

ညီမလေးရေ
အားမတန် မာန်တော့မလျှော့နဲ့
နင့်တို့ဘဝက ဗေဒါတွေပါ
သူများကိုင်မှာ သူများဝတ်မှ
လူဖြစ်ရတာ မတန်မထင်နဲ့
တောင်းမှာအကွပ် လူမှာအဝတ်မို့
ရှိတာလေးနဲ့ လှအောင်ဝတ်မယ်
ရှိတာလေးကို လောက်အောင်သုံးမယ်
အသွားမတော် တစ်လှမ်း
အစားမတော် တစ်လုပ်
ဆိုရိုးစကား မပယ်ရှားပဲ
စပွန်စာတွေ ပြောင်းခါရှာရင်း
ဘဝတွေကို မဖြတ်သန်းနဲ့ ...
ပန်းဦးအခါခါ ပေးခဲ့ပါမှု
ကုရာနတ္ထိ ဆေးမရှိနဲ့
ပန်းပင်လို ငြိုး ဘဝဆိုးမှာမို့
နှောင်းမှတတဲ့ နောင်တတွေကို
အသိကပ်ခါ သတိလေးနဲ့
ဆင်ခြင်တက်စေကွယ် ညီမလေး တို့ရယ် .....

No comments:

Post a Comment