ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, December 10, 2013

မနမ်းထိုက်တဲ့ မိမိ ဝါ

မနမ်းထိုက်တဲ့ မိမိ ဝါ
----------------------

မျက်ရည်တွေကြွေခါ ကျလို့
သက်သေတွေ မပြပါနဲ့တော့
မနမ်းထိုက်တဲ့ မိမိဝါ ....

သိကြားစေ သက်သေညွှန်းအုံးမလား
မာယာတွေ တစ်ခွဲသားနဲ့
မိန်းမလည် သိန်းကြွယ် ဇတ်ခင်းလို့
ငါ ကိုတော့ သစ္စာမရှိသူလို့ ရိုးမယ်ဖွဲ့
နင့်ကတော့ အကြောက်တရားနည်းစွာနဲ့
နောက် မီးတွေ အကြိမ်ကြိမ် လင်းတာ
ငါ မမြင် ငါ မသိခဲ့ရင်လည်း
ဟုတ်မှာပေါ့ မိမိဝါ .....

ဥာဏ်နည်းသူ နင့် ကိုယ်မှ
ငါ တွဲခါရယ် ခေါ်မိလို့
ကံ တရား နည်းစွာနဲ့ ရလိုက်တာက
မစားရတဲ့ အမဲ သဲနဲ့ ပတ်သတဲ့လား ?
ယောက်ကျားကောင်း မဟုတ်ဘူးတဲ့လား ?
ပြောပြလိုက်ရင် သောကမျက်ရည်တွေ
ဝေခါလေ သွားကြမယ်
မနမ်းထိုက်တဲ့ ပန်းမှန်းသိပါရဲ့နော်
နန်းထိုက်အောင် နမ်းချင်တဲ့ ကောင်စားမို့
ငါ့ ရလိုက်တာကတော့ မေတ္တာ အတု
သစ္စာတွေတော့ ယောင်လို့တောင်
လာ လာ ပြီး မတုလေနဲ့
နင့် ဇရိုက်နဲ့ နင့် သဏ္ဍန်က
ဘဝပျက်တဲ့ မိန်းကလေးတွေထက်
ပို ပို ဆိုးနေပါလား မိမိဝါ .....

ဟုတ်ရင်ကျော် ပုတ်ရင်ပေါ်မို့
နင့် အတွက် အောက်စီဂျင်မလို့
လေ သန့်မလို့ပဲ နှလုံးပျက်ခါ
သေသင့်ပါပြီ မနမ်းထိုက်တဲ့ မိမိဝါ ....


No comments:

Post a Comment