ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, December 10, 2013

ချစ်သူဖတ်ဖို့(၂၂)




ချစ်သူဖတ်ဖို့(၂၂)
------------------

ခင် ရယ်
မပိုင်ဆိုင် ရပေမယ့်
ခင် ကျေနပ်လို့ ပျော်မယ်ဆို
ပေးစပ်ခြင်းကလည်းလေ
အချစ်မြည်မှာပါ ခင် ...

ခင် ရယ်
ဖြစ်ခြင်တာထက်
ဖြစ်သင့်တာကို
ဦးစားပေးတော့
နှလုံးသား တွေ
နီး ခဲ့ကြလည်း
နှစ်မွှာ အသည်း
ကြေခါ ကွဲပေါ့ ခင် ....

အချစ် မငဲ့လို့
တမင် ခွာတာ
အပစ် တွေပင်
မပြောရက်ပါဘူး
ဆန္ဒ နဲ့ ဘဝ
တစ်ထ်ပ်ထဲ မကျတဲ့
မောင့် ဘဝ ကိုပဲ
ဆုတောင်းခါ လေ
နေမိပါရဲ့ ခင် ....

ဖြစ်ကြောင်း ကုန်စင်
ဖွင့်ခါ ပြောလို့
ဒုတိယ မိ
ရင်ဖွင့် ခြင်းက
မောင့် အသည်းတွေ
ထပ်ခါ ကွဲဖို့လား ခင် ...

ခင် ရေ
ဖူးစာ မဆုံလို့
မကြုံ ရသော်
ဖန်လာ ဘဝ
နောင် ကာလကြ
ဘဝ မခြား
ခင့် အနားမှာ
နေရပါ စေ
ဆုတောင်း လို့ ခြွေ
သြော်
မောင်ပြုနေတဲ့ ကုသိုလ်တွေ ..

No comments:

Post a Comment