
♥♥♥ တွဲလက်ညီညီ မခွဲလေပြီ ♥♥♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
♥မောင်
ကြာ တစ် ရိုး လို
အမျှင်တွဲတွဲ ဘယ်ခါမခွဲ
သက်ဆုံးတိုင်အောင် ချစ်ပါမည်♥♥
♥ခင်
ပ မာ ပုံ နှိုင်း
ပေပင်တိုင်းလို သစ္စာကြီးစွာ
မေတ္တာထားလို့ ချစ်ပါမည်♥♥
♥မောင်
သံ ယော ဇဉ် က
လျော့သွားရိုးလား တိုးလို့နှောင်ရစ်
ကြာ အချစ်နဲ့ မောင့် တစ်ယောက်သာ
တူယှဉ်တွဲလို့ ချစ်ပါမည်♥♥
♥ခင်
အဝေးနေလို့ အနေဝေးလည်း
အားငယ်သလား နားလည်ထားနော်
အကာအချစ် တဏှာရစ်လို့
အပျော်မချစ် အသစ်မရှာ
မုသားမသုံး မမုန်းမေတ္တာ
ပြုံးသစ္စာဖြင့် ထာဝရသာ
ခင့် တစ်ယောက်ပဲ ချစ်ပါမည်♥♥
♥မောင်
ချစ်တာသိလို့ မေတ္တာရှိရင်
မယွင်းသစ္စာ ရင်နှစ်မွှာဖြင့်
မှန်သောစကား တိုင်တည်ထားမည်
ခင့် ရဲ့သခင် မောင့် အတွက်ပဲ
ကျွန်မ ဘဝဟာ ဖြစ်ရမည်♥♥
♥ခင်
မောင်ရဲ့အချစ် မောင်ရဲ့မေတ္တာ
မယုံအပ်လို့ ချစ်သက်လျာက
တောင်းလာမှန်သော် မငြင်းကြည်ဖြူ
မောင် ပေးလှူမည် ချစ်သူစေထား
မောင့် ရင်နှစ်မွှာ နှလုံးသား♥♥
No comments:
Post a Comment