ပြုံးမပြပါနဲ့တော့ ကွယ်
------------------------

မချစ်လို့ မုန်းမှတော့
ပြုံးမပြပါနဲ့လား အချစ်ရယ် ...
တဒင်္ဂအသည်းနဲ့ ရင်မှစွဲခါ
ချစ်ခဲ့သူ မဟုတ်လေတော့
အတိတ်ကမ္ဘာ မဝေးတဲ့
မောင့် ဘဝအရိပ်လေးမှာလည်း
ချစ်လိပ်ပြာလေးတွေ မဝဲတော့ဘူးလေ ....
တဏှာအချစ်တွေ မာယာအချစ်တွေ
အကာချစ်တွေ ဆိုရင်ဖြင့်
ဩော် ကြောက် ကြောက်ပါရဲ့လေ
ထောက်ထားမညှာပဲ ကြောက်တရားနည်းစွာ
ဖွင့်ဟမိသူရဲ့ အဖြစ်ကတော့
ကျန်ရစ်သူ အသည်းရယ်နဲ့
ကျန်စစ်လို့ပါပဲလားကွယ် အချစ်ရယ် ....
No comments:
Post a Comment