
မ မှတ် မိ ချင် တော့ ဘူး
--------------------------
နင် နမ်းခဲ့ဖူးတဲ့ ပါးတစ်ခြမ်းက
တစ်ရှိုက်မက်မက် အနမ်းလေးတွေ
နင် သေခြာစွာ တစ်တွတ်တွတ်ပြောသော
ချစ်တယ်ဆိုတဲ့ စကားလေးတွေ
နင် ခိုင်မာစွာ တွဲမယ်ဆိုတဲ့
တင်းတင်းဆုတ်မဲ့ လက်ကလေးတွေ
စွန့်စားစွာနဲ့ ချစ်ခဲ့မိလို့
စွန့်လွတ်သွားခဲ့ လေသလား
ရင်ကွဲခါ ကျန်ခဲ့သူက
မရွှင်အသည်းမှာ နာလိုက်တာ
ပြီးဆုံးခဲ့ပေမဲ့ ကျွမ်းလောင်တယ်
ငါ့ ရင်မှာမို့ မကြင်နာ
တမင်ခွာ စိမ်းသူရေ
ဒါ တွေ ဒါ တွေ အားလုံးကိုလေ
အတိတ်မေ့တဲ့ ရောဂါနဲ့
မေ့လိုက်ပါရစေတော့ ကွယ် ...
No comments:
Post a Comment