ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, December 10, 2013

ဆယ် နေ ထက် ကဲ

ဆယ် နေ ထက် ကဲ
---------------------

အရိပ်ပမာ မဝေးတဲ့
အတိတ်ကမ္ဘာ နှယ်
အိမ်မက် ကလေးကနေ
တစ်ရေး နိုးလာခြင်းပေါ့

အိမ်မက်တွေက ဝေဝါး
အတိတ်တွေ က ခါး
အနာဂတ်တွေက မှုံဝါး
မသေမခြာ အစတွေနဲ့

သြော်
ဝေဒနာတွေ အခြေတည်ခါ
ဖြစ်လာခဲ့လေသော လူသားပေါ့
ကံအကျိုးပေး ရယ်ကလေ
သံယောဇဉ်တွေ ကြီးလို့များ
မေတ္တာတွေ ငတ်ခဲ့လေသလား
မကြင်နာ တမင်ခွာခါမယ့်
မာယာတွေက နှိပ်စက်လေသလား
ရင် အနွမ်း သည် အလွမ်းက
စမ်းရေတွေ ခန်းသလို ပ
မချစ်တက်လို့ အချစ် ငတ်လေသလား
ပူ ပူ တယ်လေ
ရင်ခွင်နှစ်မွှာ ကိုနှလုံသားရယ်က
ဆယ် နေ ထက် ကဲ .....

No comments:

Post a Comment