ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, December 10, 2013

မိုက်မဲစွာပင် ချစ်အုံးမည်




မိုက်မဲစွာပင် ချစ်အုံးမည်
--------------------------

နေ့ရက်တွေထဲ
မပြေ သမျှတွေကို
ကြွေ ပါရစေအုံး ကွယ်...

စွဲလမ်းနှောင်ရစ်
အချစ်ကြီး ချစ်လို့
သံသရာထဲမှာ
ကံကြမ္မာ နည်းစွာနဲ့
မာယာရှင်များရယ်က
ဝေဒနာ ရင်မှာကျွမ်းအောင်
အခွဲ ခွာခံရဖို့အတွက်များ
ဩော်
လူသား ပင်ဖြစ်ခဲ့လေသလားကွယ် .....

ထားခဲ့မှာ ကို
သိပေမဲ့ လည်း
သိလျက်နစ် ကျွံ
နွံ မှာပျော်စဲ
ပျော်နေစဲ နဲ့
ကြေကွဲ သောက
တင်းကျပ် ရစ်ချည်
အဖယ် ခက်စွာ
ရုန်းမရ စွာနဲ့
သခင်သွား ရာ
ငါ မပါ လည်း
သူ့ အနား ၌ ငါ ပျော်ပိုက်သည်
မိုက်မဲစွာပင် ချစ်အုံးမည် .....
 

No comments:

Post a Comment