ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, December 10, 2013

ဝေးရပ်မြေမှ ကန်တော့ သံ



ဝေးရပ်မြေမှ ကန်တော့ သံ
==============

ဆီ မီး ရယ် မှိန်
ရောင် ဝါ ထိမ်း လည်း
ဘယ် သူ က မြင်
ဘယ် သူ သိ မ လည်း
ချစ် သော အဖေ နဲ့
ချစ် သော အ မေ ရယ် ...

အဝေး ရောက် တဲ့
သား မောင် ကြီး ငယ်
သ မီး လှ တွေ
ဘေး ဘ ရာ နှယ်
ဝေး ကွာ ရေး ကို
နေ့ ည အ စဉ်
ပို သ အ မြဲ
စိတ် မှာ စွဲ ရင်း
ကျ မျက် ရည် တစ်စက်
အမေ ထွက်သတဲ့ လား ...

ကျွတ် ပြီ သ တင်း
လ မှာ အ ထူး
နေ့ မှာ အ မြတ်
မွန် မြတ် စိတ် ရင်း
ထား ကြ ခြင်း နှင့်
ကြီး သူ ကန် တော့
ငယ် သူ ရို သေ
မြန် မာ မှု တွေ
မ မေ့ ပေ မယ့်
စိတ် ဝယ် တမ်း တ
မျက် ရည် ကျ ရင်း
နွမ်း လျ စာ သီ
လွမ်း လှ ပါ ပြီ မေမေရယ် ...

နိင် ငံ ရပ် ခြား
တိုင်း တစ် ပါး မှာ
တစ် နေ့ တစ် ရက်
ပျော် မ မက် ပဲ
ကြို စား ရိုး သား
စိတ် ဓါတ် အား နဲ့
နေ့ မှ လ ကူး
လ မှ နှစ် ပြောင်း
မ ဟောင်း မ ပြစ်
ဗု ဒ္ဓ စစ် မို့
ရက် မြတ် ခါ ကြုံ
စိတ် အ ဟုန် နဲ့
လွန် မိ တာ ကို
လက် ဆယ် ဖြာ ရယ်
ထိပ် မှာ မိုး ရင်း
အဝေး ရောက် ညား
သား ရယ် သမီး တို့ မှ
ကန်တော့ ပါတယ်
ချစ်သော အဖေ ချစ်သော အမေ ....

No comments:

Post a Comment