!!!!!!!!!!!!!!!!!!!!!!!!!!
သခင်က တော့
လှသွေး ကြွယ်လို့
နန်း မြင့် နွယ် ဖွား
ပပ ဝင်စား
နတ်သမီး တစ်ပါးပေါ့ကွယ် .....
ကျွန်တော်က တော့
နုံခြာ စုတ်မွဲ
ဖွတ်ထက် ကဲလို့
မျက်နှာမွဲပေါ့ သခင်ရယ် .....
သည် မောင်ကတော့
ကုသ မခြား
မေတ္တာ ထားလည်း
မမှီ သောပန်း
ဆွတ်ခါ လှမ်းတော့
နေ က မြင့်မြင့်
လက်ပံ ရင်နဲ့
ပဋာမြေ လူး
သည်းကြွေ ရူးတော့
ဖွင့်ဟ မိသော
အချစ် များက
နွမ်းလျ ကွဲကြေ
တမ်းတ စဲလေ
ဩော် .....
လွမ်း မ ပြေ
ရွှေ ရင် နင့် တယ်
သ ခင် ရေ
ရွှေ ရင် တွေ ကွဲ !!!!

No comments:
Post a Comment