ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, December 10, 2013

အရမ်းချစ်ပါတယ် ချစ်သူရယ်


အရမ်းချစ်ပါတယ် ချစ်သူရယ်
-------------------------------
ခင် ရယ်
ရင်မှ သမုဒယ
တွယ်လို့ ယုယစွာဖြင့်
ပထမ အဖြစ်တွေကိုမှ
ပွင့်လင်းစွာ ရင်ဖွင့်ပြလို့
မေတ္တာငတ်သူကလေ
မေတ္တာတွေတောင်းခံခြင်းပါ **

ရင်ထဲက အတိုင်းအစ
နိုင်းပြလို့ မရပါဘူးလေ
လောကမှာ အာဒံ အစ
အခြေတည်ခါ လူဖြစ်လာတော့
ချစ် တာ တွေ ကို ဖြင့်
အပြစ်မဆို ပါနဲ့လား နော်
နူတ်တရာ စာစကားလုံးတွေနဲ့
ချစ်တာတွေ စာသီကုံးရင်
မေတ္တာတွေ ကဗျာပန်းချီရူံးမယ်
မခွဲတမ်း တစ်သက်ပါ
စွဲလန်းလျက်မို့
မောင် လေ ခင့် ကို
အရမ်း ချစ်တယ်မိတော့
ဩော်
အပစ်အနာ တရတွေရှိခဲ့လို့များ
အကြွေပန်း ဖြစ်ပါစေလေ
ခြွေလို့ရယ် မောင် မနမ်းပဲ
မောင့် မေတ္တာအသင်္ချေနဲ့ 
လန်းသွားရမယ် ယုံစမ်းပါကွယ်
အရမ်းချစ်တဲ့ ချစ်သူရယ် .....

ဆယ် နေ ထက် ကဲ

ဆယ် နေ ထက် ကဲ
---------------------

အရိပ်ပမာ မဝေးတဲ့
အတိတ်ကမ္ဘာ နှယ်
အိမ်မက် ကလေးကနေ
တစ်ရေး နိုးလာခြင်းပေါ့

အိမ်မက်တွေက ဝေဝါး
အတိတ်တွေ က ခါး
အနာဂတ်တွေက မှုံဝါး
မသေမခြာ အစတွေနဲ့

သြော်
ဝေဒနာတွေ အခြေတည်ခါ
ဖြစ်လာခဲ့လေသော လူသားပေါ့
ကံအကျိုးပေး ရယ်ကလေ
သံယောဇဉ်တွေ ကြီးလို့များ
မေတ္တာတွေ ငတ်ခဲ့လေသလား
မကြင်နာ တမင်ခွာခါမယ့်
မာယာတွေက နှိပ်စက်လေသလား
ရင် အနွမ်း သည် အလွမ်းက
စမ်းရေတွေ ခန်းသလို ပ
မချစ်တက်လို့ အချစ် ငတ်လေသလား
ပူ ပူ တယ်လေ
ရင်ခွင်နှစ်မွှာ ကိုနှလုံသားရယ်က
ဆယ် နေ ထက် ကဲ .....

မေ့ပါရစေတော့


မေ့ပါရစေတော့ 
-----------------

မေ့ မှ ဖြစ် မည်
ရစ် ချည် သ မျှ
ဗျာ ပါ ဒ တွေ
ခ ဝါ ချ လို့
နေ ပါရစေတော့ ....

မေ့ မှ ဖြစ် မည်
ချစ် မိ သ မျှ
သည် ဒု က္ခ က
စား လို့ မ ဝင်
အိပ် စက် မ ပျော်
ပူ လောင် မှု့ ကျွမ်း
ရင် မှာ နွမ်း လို့
မေ့ ပါရစေတော့ ....

မေ့ မှ ဖြစ် မည်
သူ က မ ကြင်
သူ မ ခင် တော့
မေတ္တာတွေ ခန်း
ရွှေ ရင် ကျွမ်း ခါ
သစ္စာ ပန်းတွေ
မပွင့် လေ ပြီ
မောင့် မ ဟေ သီ ..........


ညီမလေး တို့ကို သိစေခြင်


ညီမလေး တို့ကို သိစေခြင်
--------------------------

ညီမလေးရေ
အိုင်ပတ် အိုင်ဖုန်း 
အက်စ်သရီး အက်စ်ဖိုးတွေ 
ကိုင်ခါပြမှ ဘဝဆိုတာက
ပြည့်စုံ သတဲ့လား ကွယ် 
ညီမလေး ရယ် ....

ညီမလေးရေ
ခေတ်ဆိုတဲ့ ရေစီးကြောင်းမှာ
ခေတ်အမြင် ခေတ်စကားတွေနဲ့
ရှေ့ကွဲ နောက်ကွဲ ရင်ဟိုက် ချက်ပေါ်
ဒူး အထက်ရယ် စကယ်တိုများ
ဝတ်လို့ထားတော့ ကာမတဏှာ
ဖိတ်ခေါ်လင့်စား မထင်ဘူးလားကွယ်
ညီမလေး ရယ် ...

ညီမလေးရေ
မဝတ်နဲ့တော့ မပြောပါဘူး
ခေတ်ဆိုတော့လည်း ဝတ်ရမှာပေါ့
ခေတ်ဇရိုက် ခေတ်အမှိုက်တွေနောက်
လိုက်ခါလေ လမ်းမမှားစေနဲ့
အတုမြင် အတက်သင်လို့
ဘီရာဆိုတာရယ် အရက်တွေက
ညီးတို့ ညီးတို့ အတွက်လားကွယ်
ညီမလေး ရယ် .....

ညီမလေးရေ
ပညာရှာချိန် ကြင်ယာမရှာနဲ့ ...
အရွေးမှားခါ လမ်းမသလားနဲ့ ...
ဂေါ်လီလို့ တော်ကီတွေနဲ့
အသပြာ ကျအောင် ချူမစားနဲ့ ...
ဆူးပေါ်ဖတ်ကြ ဖတ်ပင်ပေါက်တယ်
ဆူးက မကျိုး နင့် ဘဝငြိုးမယ်
တန်းဖိုးထားခါ နားလည်စေကွယ်
ညီမလေး ရယ် ....

ညီမလေးရေ
သည် ခေတ်ကြီးမှာ မာယာများတယ်
အယုံမလွယ် လိုက်လေနဲ့
အကုန် နှိုက်ခါ တွယ်လိမ့်မယ်
အိမ်ထောင်ဖက်သား ရွေးကြရင်လည်း
ဘာသာမတူ မျိုးနွယ်ကခြား 
ကုလားမယားတော့ မဖြစ်စေနဲ့ ...
စောင့်လေမျိုးနွယ် ကျင့်ငါးသွယ်နဲ့
သာသနာကိုထိန်း ဘေးမတိမ်းနဲ့ ....
ဘာသာမတူ အိုးအိမ်သူ
ဘယ်မှာလာလို့ အစဉ်ပြေမလဲ
သေခြာ စဉ်းစားတက်စေကွယ် 
ညီမလေး ရယ် ...

ညီမလေးရေ
အားမတန် မာန်တော့မလျှော့နဲ့
နင့်တို့ဘဝက ဗေဒါတွေပါ
သူများကိုင်မှာ သူများဝတ်မှ
လူဖြစ်ရတာ မတန်မထင်နဲ့
တောင်းမှာအကွပ် လူမှာအဝတ်မို့
ရှိတာလေးနဲ့ လှအောင်ဝတ်မယ်
ရှိတာလေးကို လောက်အောင်သုံးမယ်
အသွားမတော် တစ်လှမ်း
အစားမတော် တစ်လုပ်
ဆိုရိုးစကား မပယ်ရှားပဲ
စပွန်စာတွေ ပြောင်းခါရှာရင်း
ဘဝတွေကို မဖြတ်သန်းနဲ့ ...
ပန်းဦးအခါခါ ပေးခဲ့ပါမှု
ကုရာနတ္ထိ ဆေးမရှိနဲ့
ပန်းပင်လို ငြိုး ဘဝဆိုးမှာမို့
နှောင်းမှတတဲ့ နောင်တတွေကို
အသိကပ်ခါ သတိလေးနဲ့
ဆင်ခြင်တက်စေကွယ် ညီမလေး တို့ရယ် .....

နူတ်ဆက်ပါရစေ ကွယ်

နူတ်ဆက်ပါရစေ ကွယ်
-------------------------

အချစ်စစ် မေတ္တာစစ်တွေနဲ့
အသက်တစ်မျှ ချစ်ခဲ့ပေမယ့်
ဩော်
သူ့ အသုံးအဆောင် တစ်ခုလောက်တောင်
ရှိတယ်လို့ မထင်မှတ်ခံရတော့
မျှော်လင့်မှုတွေသာ ပမ်း
ငါ့ ရင်တွေသာ နွမ်းရပါတယ် ဟာ...

မချစ်နိင်လို့ တစ်မင်ခွာတော့လည်း
နားလည်မှု့စည်းတွေ့နဲ့ လေ
အရှုံးမျက်ရည်တွေ ရင်မှာပိုက်ရင်း
ငါ့ ပျောက်ကွယ်ရတော့မှာပေါ့ ....

ဘဝတွေ မလှပေမယ့်
မသေခင် ဒီဘဝလေးမှာတော့
ငါ လေ
နင့် မျက်နှာလေးကိုလည်း
မော်ဖူးခွင့်လေးတော့ ရချင်ပါရဲ့
နှောင်းကမ္ဘာတွေ ရှိခဲ့ရင်လည်း
ဘဝမခြား ထာဝရ နင့်အပါးမှာ
နေပါရစေလို့ ဆုတောင်းခြွေရင်း .......

အရှုံးများနဲ့ လူသားရယ်က
အငိုမျက်လုံး အပြုံးမျက်နှာတွေနဲ့
နူတ်ဆက်ပါရစေတော့ကွယ်
ငါ့ ကိုယ်မချစ်တဲ့ ငါ့ ချစ်သူရယ် .......

ပန်း အမိုက် မလေး သို့


ပန်း အမိုက် မလေး သို့
-----------------------

ကျန် ရစ် သူ အ သည်း ရယ် က
ကျန်စစ်လို ပါပဲကွယ် အချစ်ဆုံးရယ် ...

ပြန် ရစ် ရင် လည်း လေ
တစ်ဆစ်ဆစ်ကယ် နာကျင်လှလို့
ရင်နှစ်မွှာ အသည်းတွေက
ဒီရင်မှာ ပူ ပူ လောင်လွန်းတယ်
နှိပ် နှိပ် စက် တယ် ကွယ် .....

တူနှစ်ကိုယ် တွဲလက်တွေ မြဲကြမယ်လို့
မြတ်ဘုရားမှာ သစ္စာခြွေ
မေ့ မေ့ ပြီ လား လေ
အော်
ခေတ် အမြင် ခေတ်ဇရိုက်တွေနဲ့
ဗလောင်း ဗလဲနဲ့ အပြောင်းလွှဲကလည်း
အောချလောက်ပါရဲ့ စန္ဒမုခိ နှယ်
မာယာတွေ အလွန်များပါရဲ့
နင် ကတော့ ငါ့ ဘဝမယ်
မိန်းမပျက်သဏ္ဍန် ဥာဏ်တွေများတယ်
ပိုး ကိုက် တဲ့ ပန်း အ မိုက် ရယ် ....

မနမ်းထိုက်တဲ့ မိမိ ဝါ

မနမ်းထိုက်တဲ့ မိမိ ဝါ
----------------------

မျက်ရည်တွေကြွေခါ ကျလို့
သက်သေတွေ မပြပါနဲ့တော့
မနမ်းထိုက်တဲ့ မိမိဝါ ....

သိကြားစေ သက်သေညွှန်းအုံးမလား
မာယာတွေ တစ်ခွဲသားနဲ့
မိန်းမလည် သိန်းကြွယ် ဇတ်ခင်းလို့
ငါ ကိုတော့ သစ္စာမရှိသူလို့ ရိုးမယ်ဖွဲ့
နင့်ကတော့ အကြောက်တရားနည်းစွာနဲ့
နောက် မီးတွေ အကြိမ်ကြိမ် လင်းတာ
ငါ မမြင် ငါ မသိခဲ့ရင်လည်း
ဟုတ်မှာပေါ့ မိမိဝါ .....

ဥာဏ်နည်းသူ နင့် ကိုယ်မှ
ငါ တွဲခါရယ် ခေါ်မိလို့
ကံ တရား နည်းစွာနဲ့ ရလိုက်တာက
မစားရတဲ့ အမဲ သဲနဲ့ ပတ်သတဲ့လား ?
ယောက်ကျားကောင်း မဟုတ်ဘူးတဲ့လား ?
ပြောပြလိုက်ရင် သောကမျက်ရည်တွေ
ဝေခါလေ သွားကြမယ်
မနမ်းထိုက်တဲ့ ပန်းမှန်းသိပါရဲ့နော်
နန်းထိုက်အောင် နမ်းချင်တဲ့ ကောင်စားမို့
ငါ့ ရလိုက်တာကတော့ မေတ္တာ အတု
သစ္စာတွေတော့ ယောင်လို့တောင်
လာ လာ ပြီး မတုလေနဲ့
နင့် ဇရိုက်နဲ့ နင့် သဏ္ဍန်က
ဘဝပျက်တဲ့ မိန်းကလေးတွေထက်
ပို ပို ဆိုးနေပါလား မိမိဝါ .....

ဟုတ်ရင်ကျော် ပုတ်ရင်ပေါ်မို့
နင့် အတွက် အောက်စီဂျင်မလို့
လေ သန့်မလို့ပဲ နှလုံးပျက်ခါ
သေသင့်ပါပြီ မနမ်းထိုက်တဲ့ မိမိဝါ ....


ပြုံးမပြပါနဲ့တော့ ကွယ်


ပြုံးမပြပါနဲ့တော့ ကွယ်
------------------------
မချစ်လို့ မုန်းမှတော့
ပြုံးမပြပါနဲ့လား အချစ်ရယ် ...

တဒင်္ဂအသည်းနဲ့ ရင်မှစွဲခါ 
ချစ်ခဲ့သူ မဟုတ်လေတော့
အတိတ်ကမ္ဘာ မဝေးတဲ့
မောင့် ဘဝအရိပ်လေးမှာလည်း
ချစ်လိပ်ပြာလေးတွေ မဝဲတော့ဘူးလေ ....

တဏှာအချစ်တွေ မာယာအချစ်တွေ
အကာချစ်တွေ ဆိုရင်ဖြင့်
ဩော် ကြောက် ကြောက်ပါရဲ့လေ 
ထောက်ထားမညှာပဲ ကြောက်တရားနည်းစွာ
ဖွင့်ဟမိသူရဲ့ အဖြစ်ကတော့
ကျန်ရစ်သူ အသည်းရယ်နဲ့
ကျန်စစ်လို့ပါပဲလားကွယ် အချစ်ရယ် ....

ကျေ နပ် မယ် ဆို

ကျေ နပ် မယ် ဆို
------------------

ချစ်မိ ရင်ခွင် 
အပြစ် မြင်လို့
မုန်းမာန် ရက်စက်
ပုန်း ရက်လေသလားကွယ် ....

တစ်ကယ် တမ်းဆို
ခင် မလွမ်းဘူးနော်
မျှော်ရ ဆွေးရ
ချစ်မိ ဘဝကို
သနား မညှာ
တွေ့လျှက် မခေါ်
မြင်လှည့် မကြည်
သိလည်း မသနား
စာ ရယ် မလာ
သတင်း ပင် မကြားလို့
နေရက် နိင်တာများကွယ် ....

မေတ္တာ ငတ် သူကိုလေ
အပြုံးချိုချို တွေပေးလို့
အိမ်မက်ဆန်စွာ နဲ့
ပျောက်ကွယ် ရက်လေသလား
ခင် မကြင် ခင် မသနားပေမယ့်
ရင်ထဲမှာ အစဉ်ရှိသူရယ်
တစ်နေ့ တစ်ရက် ပင် မဟုတ်လေတော့
ထာဝစဉ်သာ အနားနေချင်မိသူက
ဘယ် အမုန်းတရားနဲ့ မေ့ ရ ပ .....

ချစ်မိနေတဲ့ နှလုံးသားက
ခင် ကျေနပ်ခါ ပျော်ရွှင်မယ်ဆို
မာန ဆိုတဲ့ သိက္ခာတရား
ဘေး ချိတ်ခါထားလို့
ခင့် ရှေ့ဝယ် ဒူးထောက်ခါ
လည်စင်း ပေးလိုက်ပါရဲ့
စိတ်ကြိုက်သာ နှင်းလိုက်တော့ကွယ် .....


နားလည်ပါမလား သခင်

နားလည်ပါမလား သခင်
-------------------------

ရာမ လိုလည်း နားလည်စွာနဲ့ 
ချစ်ပါရဲ့ သခင် ♥♥♥

လက္ခဏာ လိုလည်း ပေးစပ်ခါ
ချစ်ပါရဲ့ သခင် ♥♥♥

ဒဿ လို့လည်း မေတ္တာကြီးစွာ
ချစ်ပါရဲ့ သခင် ♥♥♥

မေတ္တာ ငတ်သူက
မောင်ရယ် ပါလေ
သစ္စာတွေ ခိုင်မြဲလို့
မယိုင် လည်းစွာ
ချစ် ချင်ပေမယ့်
ချစ်မိ ရင်ခွင်
အပြစ်မြင် လို့
သနား မညှာ
ထားခဲ့ ရင်လည်း
မမုန်း ကမ္ဘာ
ရင် နှစ်မွှာ မို့
ရူးမူးစွာ ပင် ချစ်အုံးမည် ♥♥♥


တမ်းတ ကြွေ ကွဲ


သံယောဇဉ် ရင်အနွမ်းတွေက
ပြန်ပြောရင် ရွှေကြာရိုး အလား 
တွယ် လွန်း တယ် ကွယ် ....

ဆုံးကမ္ဘာ မြေမဟီ စခန်းဆီမှ
မုန်းတာတွေ အမျက်ပြေတော့ရယ်ပေါ့
မြတ်ဘုရားမှာ နှစ်ကိုယ်သစ္စာပြုတုန်းဆီသို
တမ်း တ ရင်း ခြွေ ...

မဖြေသာ ပန်းချီ ဝေဒနာပုံရိပ်တွေက
အညာ နေ ချောင်းရေကိုသောက်သလို့ပ
ရေတွေသာ ခန်းခဲ့ပေမယ့်
သဲ မကောသလို သည်ရင်လွှာ အနွမ်းတို့လည်း
မလျော့ခဲ့ပါလား ကွယ် ....

တူနှစ်ကိုယ် ဂဟေဆက်မယ်လို့
ရည်ရွယ်ခါ လှမ်းခဲ့ကြပေမယ့်
လ နဲ့ နေ လိုများ တို့နှစ်ဦးမှာဖြင့်
မဆုံနိင်ခဲ့လေ သလား ....

ချစ် သူ ရေ
မဆုံနိင် သံသရာ ဘုံတစ်ကွေ့မှာဖြင့်
ကံကြမ္မာရယ် ရက်စက်လွန်းပါတော့
မျှော် လင့် စေ
လွမ်း ဗျာ ပွေ ရွှေ ရင် နင့် တယ်
ဩော်
ချစ်သူရယ်
တမ်းတ ကြွေ ကွဲ .....

သွားပါရစေကွယ်

သွားပါရစေကွယ်
.......................

နား နဲ့ မနာ ပဲ
နင် နှလုံးသားအတုနဲ့ 
နာ လိုက်ပါတော့ ခင် ....

ပြု စား သူ လို့
မဆိုရက်ပါဘူးလေ
ငါ့ ရဲ့ အ ချစ်
ငါ့ ရဲ့ မေတ္တာတွေကိုမှ
မညှာမတာ စားသုံးသွားသူမို့
လည့် စား ရက် သူ လို့ ပဲ
ငါ့ နှလုံးသားအထက်မှာ
စာကဗ္ဗည်းထိုးပါရစေတော့ ခင် ...

ကိုယ်ပိုင် ချစ်သူရှိရက်ညား
အချစ်ဆိုတဲ့ တန်ဖိုးကြီးအရာကိုမှ
သာယာခါ လမ်းမှားသတဲ့လား
တဒင်္ဂ မဟုတ်သူအတွက်ကတော့
ရင်ထဲမှာနင့်နေအောင် ခံစားလိုက်ရတာ
နင့် ရင်နှစ်မွှာ နှလုံးသားဆီမှလေ
ဩော်
သိမှ သိများ သိပါမလား ခင် ....

ပွင့်လင်းစွာ ဖွင့်ပြောမိလို့
အားရယ်မနာ လျှာရယ်မကျိုးပဲ
မာယာတွေဆို ကြောက်သူကိုမှ
မဖြစ်နိင်ရင် ခင်ရယ် နင်လေ
ငါ့ အချစ် မေတ္တာ သစ္စာ တွေကို
မစော်ကားရက်သင့် ဘူးနော်
ရင်နာတယ်လေ မာယာတွေ
အကြောက်ဆုံး လူသားကိုမှ
ဟန်ပါပါ ပညာတွေ ပြခါသုံးရင်
ဒုတိယမြောက် မာယာ ရှင်
လုပ် ပြ သွား လေ ခြင်း လား ခင် ....

ရှိပါစေတော့ လေ
ငါ ထိုက်နဲ့ ငါ ကံ တွေမို့
ရင်စီးခါပဲ ခံလိုက်တော့မယ်
ငါ့ နှလုံးသား ဈာပန ပွဲမှာ
နင်လေ အမျှလည်း မဝေပါနဲ့
ရေအိုကိုလည်း မခွဲ ပါနဲ့
ကြေးစည်းကိုလည်း မထုပါနဲ့ဟာ
ငါ့ နောက်ဆုံး ခရီးကိုဖြင့်
မာယာသံတွေ မပါပဲ
ငါ လေ ဖော်မပါ
တစ်ကိုယ်တည်း သွားပါရစေကွယ် ....

မိုက်မဲစွာပင် ချစ်အုံးမည်




မိုက်မဲစွာပင် ချစ်အုံးမည်
--------------------------

နေ့ရက်တွေထဲ
မပြေ သမျှတွေကို
ကြွေ ပါရစေအုံး ကွယ်...

စွဲလမ်းနှောင်ရစ်
အချစ်ကြီး ချစ်လို့
သံသရာထဲမှာ
ကံကြမ္မာ နည်းစွာနဲ့
မာယာရှင်များရယ်က
ဝေဒနာ ရင်မှာကျွမ်းအောင်
အခွဲ ခွာခံရဖို့အတွက်များ
ဩော်
လူသား ပင်ဖြစ်ခဲ့လေသလားကွယ် .....

ထားခဲ့မှာ ကို
သိပေမဲ့ လည်း
သိလျက်နစ် ကျွံ
နွံ မှာပျော်စဲ
ပျော်နေစဲ နဲ့
ကြေကွဲ သောက
တင်းကျပ် ရစ်ချည်
အဖယ် ခက်စွာ
ရုန်းမရ စွာနဲ့
သခင်သွား ရာ
ငါ မပါ လည်း
သူ့ အနား ၌ ငါ ပျော်ပိုက်သည်
မိုက်မဲစွာပင် ချစ်အုံးမည် .....
 

ချစ်သူ ဖတ်ဖို့(၂၃)

ချစ်သူ ဖတ်ဖို့(၂၃)
------------------

သစ္စာလမ်းမှာ
မေတ္တာတွေများ
ဖြန်းတုန်းကလေ
ချစ်စရာနှယ်
ပန်းမယ်မယ်က
ပွင့်ဖူးဝေဆာ
ရှိခဲ့ကြတာ
မှတ်မိအုံးမလား ခင် ~~~

မေတ္တာတွေ ခန်းလို့
သစ္စာတွေ နွမ်းခဲ့လေသလား
ခင် ရယ် @@
ခင်မင်မူ့ ကို အခြေတည်
သန္ဓေတည်ခါ ဖြစ်လာတာက
မောင့် တို့ ချစ်ခြင်းတရားတွေပါ ***

မောင့် အချစ် မောင့် မေတ္တာတွေကိုမှ
ခင် မမြင် ခင် မသိပေမယ့်လည်း
သြော်
ကျေနပ်နေမဲ့ ကောင်စားပါ
မေတ္တာကို ရွေးသီ သစ္စာကို ထုံမွှန်း
အကြင်နာတွေ ဝေဆာဖြိုးပေမယ့်
ခင် မကြင် စိမ်းကားရက်သူမို့
ပွင့်သောအချစ်များ နွမ်းခဲ့ ပြီ .....


ချစ်သူဖတ်ဖို့(၂၂)




ချစ်သူဖတ်ဖို့(၂၂)
------------------

ခင် ရယ်
မပိုင်ဆိုင် ရပေမယ့်
ခင် ကျေနပ်လို့ ပျော်မယ်ဆို
ပေးစပ်ခြင်းကလည်းလေ
အချစ်မြည်မှာပါ ခင် ...

ခင် ရယ်
ဖြစ်ခြင်တာထက်
ဖြစ်သင့်တာကို
ဦးစားပေးတော့
နှလုံးသား တွေ
နီး ခဲ့ကြလည်း
နှစ်မွှာ အသည်း
ကြေခါ ကွဲပေါ့ ခင် ....

အချစ် မငဲ့လို့
တမင် ခွာတာ
အပစ် တွေပင်
မပြောရက်ပါဘူး
ဆန္ဒ နဲ့ ဘဝ
တစ်ထ်ပ်ထဲ မကျတဲ့
မောင့် ဘဝ ကိုပဲ
ဆုတောင်းခါ လေ
နေမိပါရဲ့ ခင် ....

ဖြစ်ကြောင်း ကုန်စင်
ဖွင့်ခါ ပြောလို့
ဒုတိယ မိ
ရင်ဖွင့် ခြင်းက
မောင့် အသည်းတွေ
ထပ်ခါ ကွဲဖို့လား ခင် ...

ခင် ရေ
ဖူးစာ မဆုံလို့
မကြုံ ရသော်
ဖန်လာ ဘဝ
နောင် ကာလကြ
ဘဝ မခြား
ခင့် အနားမှာ
နေရပါ စေ
ဆုတောင်း လို့ ခြွေ
သြော်
မောင်ပြုနေတဲ့ ကုသိုလ်တွေ ..

ချစ်သူဖတ်ဖို့ (၂၁)



ချစ်သူဖတ်ဖို့ (၂၁)
-------------------
မနေတက် ပေမယ့်
ကျေနပ်ပါတယ် ခင် ....

ချစ်တက်ပေမယ့်
အချစ် ငတ်ခဲ့ပါတယ် ခင် ...

ဘဝ တစ်ကွေ့
ခဏ တွေ့ရင်း
ကြုံစုံ လာစဲ
လောက ထဲဝယ်
တွယ်တာ ကာရစ်
မေတ္တာ ချစ်ဖြင့်
ချစ်မိစေ သား
သစ္စာ ထားလည်း
အချစ် တွေခါး
မေတ္တာ ပါးလို့
ထားမည် ဆိုတာ
မောင် သိသည့်ပေါ့ ...

ခင် ထားလည်းလေ
ခင် ထားရာ နေ
ခင် စေရာ သွား
ခင့် အနား မယ်
ဖဝါးခြင်း ထပ်
ရင် ခြင်း အပ်၍
ခန္ဓာ မှည့်ခြွေ
အသက် သေလည်း
အရိပ် လိုသာ
နေချင်သူ မို့
မချစ် လို့လေ
စိမ်းရက် လေညား
ပြစ်လို့ သွားရင်
ခင် ရေ
ဘယ်ခါ မမုန်း
သြော် ***
မောင့် အသက် ဆုံး ~~~

တွဲလက်ညီညီ မခွဲလေပြီ




♥♥♥ တွဲလက်ညီညီ မခွဲလေပြီ ♥♥♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

♥မောင် 
ကြာ တစ် ရိုး လို
အမျှင်တွဲတွဲ ဘယ်ခါမခွဲ
သက်ဆုံးတိုင်အောင် ချစ်ပါမည်♥♥

♥ခင်
ပ မာ ပုံ နှိုင်း
ပေပင်တိုင်းလို သစ္စာကြီးစွာ
မေတ္တာထားလို့ ချစ်ပါမည်♥♥

♥မောင် 
သံ ယော ဇဉ် က
လျော့သွားရိုးလား တိုးလို့နှောင်ရစ်
ကြာ အချစ်နဲ့ မောင့် တစ်ယောက်သာ
တူယှဉ်တွဲလို့ ချစ်ပါမည်♥♥

♥ခင်
အဝေးနေလို့ အနေဝေးလည်း
အားငယ်သလား နားလည်ထားနော်
အကာအချစ် တဏှာရစ်လို့
အပျော်မချစ် အသစ်မရှာ
မုသားမသုံး မမုန်းမေတ္တာ
ပြုံးသစ္စာဖြင့် ထာဝရသာ
ခင့် တစ်ယောက်ပဲ ချစ်ပါမည်♥♥

♥မောင်
ချစ်တာသိလို့ မေတ္တာရှိရင်
မယွင်းသစ္စာ ရင်နှစ်မွှာဖြင့်
မှန်သောစကား တိုင်တည်ထားမည်
ခင့် ရဲ့သခင် မောင့် အတွက်ပဲ
ကျွန်မ ဘဝဟာ ဖြစ်ရမည်♥♥

♥ခင်
မောင်ရဲ့အချစ် မောင်ရဲ့မေတ္တာ
မယုံအပ်လို့ ချစ်သက်လျာက
တောင်းလာမှန်သော် မငြင်းကြည်ဖြူ
မောင် ပေးလှူမည် ချစ်သူစေထား
မောင့် ရင်နှစ်မွှာ နှလုံးသား♥♥

တေး ဆို လို့ ချွဲ

တေး ဆို လို့ ချွဲ 
.......................

ရွက် ဟောင်း တို့ က 
............................. တစ် ကြွေ ကြွေ 
ပွင့် သစ် တွေ က
......................... တစ် ဝေ ဝေ

ရွက် သစ် ရယ် ဝေ ဆာ မြူး တော့

ပန်း တွေ က တစ် ဖွေး ဖွေး နဲ့

ခ ရေ ပင် ဟို မြင့် ထက် မှာ

လွမ်း ဖွယ် အောင် ကို ဥသြ က

........ တေး ဆို လို့ ချွဲ .......

မ မှတ် မိ ချင် တော့ ဘူး



မ မှတ် မိ ချင် တော့ ဘူး
---------------------------
နင် နမ်းခဲ့ဖူးတဲ့ ပါးတစ်ခြမ်းက
တစ်ရှိုက်မက်မက် အနမ်းလေးတွေ

နင် သေခြာစွာ တစ်တွတ်တွတ်ပြောသော
ချစ်တယ်ဆိုတဲ့ စကားလေးတွေ

နင် ခိုင်မာစွာ တွဲမယ်ဆိုတဲ့
တင်းတင်းဆုတ်မဲ့ လက်ကလေးတွေ

စွန့်စားစွာနဲ့ ချစ်ခဲ့မိလို့
စွန့်လွတ်သွားခဲ့ လေသလား

ရင်ကွဲခါ ကျန်ခဲ့သူက
မရွှင်အသည်းမှာ နာလိုက်တာ
ပြီးဆုံးခဲ့ပေမဲ့ ကျွမ်းလောင်တယ်
ငါ့ ရင်မှာမို့ မကြင်နာ
တမင်ခွာ စိမ်းသူရေ
ဒါ တွေ ဒါ တွေ အားလုံးကိုလေ
အတိတ်မေ့တဲ့ ရောဂါနဲ့
မေ့လိုက်ပါရစေတော့ ကွယ် ...

ချစ် လျှက် ပါ ပဲ (၂)

ချစ် လျှက် ပါ ပဲ
-----------------

ခင် ........
ကျေနပ်ခါ ပျော်ရွှင်နေတယ် 
ထင်ပါရဲ့ ကွယ် ...

ရင်
အသည်းနှစ်မွှာ ကြေကွဲစွာ
ဝေဒနာ အပူဆင့်လည်း
စိုးထိတ်ခါ ဗျာမပူနဲ့
မောင့် အသဲတွေ ကွဲခြင်ကလည်း
ကွဲပါစေ ကွယ် ...


မေ့ပါနိင် မေတ္တာခိုင်လည်း
ခင် မကြင် စိမ်းလေသမျှတော့
ရင်အလွမ်းဆူ ဝေဒနာသင့်တယ်
ခင် ရယ်
ချစ် လျှက် ပါ ပဲ ....


ချစ် လျက် ပါ ပဲ

ချစ် လျက် ပါ ပဲ
----------------

ခင် သိလေမလား
သည်နေ့မှာ သည်လို့လွမ်းလို့
ဟိုနေ့မှာ ဟိုလိုလွမ်းတာတွေ
နှစ်ကိုယ် အပြင် မှာဆုံရင်ဖြင့်
ချစ်တာတွေ စာသီဖွဲ့မယ်လေ
စိတ်အတွေးမယ် ဖြစ်မိပေမယ့်
ချစ်တဲ့သူ ခင်သက်လျာက
တမင်ခွာ စိမ်းရက်လေတော့

ခင်ရယ်
နေ့တိုင်းပင် စိတ်ညစ်တယ် .....

ခင် သိလေမလား
မတွေ့တစ်ရက် ကလေးနဲ့
တစ်နေ့တစ်သက် ဝေးတောင်မှ
ဆယ်သက် ဆယ်ကမ္ဘာရယ်
ဝေးတယ်ထင်ရ မောင့် ဘဝကို
မကြင်နာလို့ တိမ်းခဲ့ရင်လည်း

ခင်ရယ်
သည်ရင်မှာ အစဉ်ရှိသူမို့
သြော်
ချစ် လျက် ပါ ပဲ ။ ။

စိတ် ကြိုက် သာ နှင်း


စိတ် ကြိုက် သာ နှင်း
===========

မြင်ကတည်းက
ရင်ထဲမှာစွဲ အသည်းနစ်အောင်
ချစ်ခဲ့မိတယ် ခင် ....

ဒုတိယမိ ချစ်ခြင်းတွေနဲ့
ရင်ဖွင့်မိသူက ကျွန်တော်မို့
မတော်တရားနဲ့ အနားကပ်တယ်ထင်မိခါ
သုဘဒ္ဒါလို မျက်မာန်ရှမှာလည်း
စိတ်အတွေးဝယ် သိခဲ့ပေမယ့်
ချစ်မိသူ နှလုံးသားရယ်ကြောင့်
ဩော် ...
အသေသက်ခဲ့ရင်လည်း ကျေနပ်နေမှာပါ ခင် .....

ခင် ရယ်
ဝေဒနာတွေ ရင်မှာမငြိမ်းလေတော့
အကြင်နာတွေ နှစ်ဆင့်ပိုမိသူကို
သတ်လိုကသတ် ထားလိုက ထား
ခင်မကြင်နာ ရှောင်ပုန်းနေသမျှ
သည်ရင်မှာ ပျော်မယ်ထင်သလား
ရင်တွင်းမှာ ဆယ်နေကဲသလိုပ
အမြဲတမ်းပင် ပူလောင်လှပါရဲ့
ခင် မစိမ်းခင် အသေသတ်ရအောင် 
နှလုံးသားကို ကြိုးချည်ထားပေးမယ်
ခင် ရေ
စိတ် ကြိုက် သာ နှင်း .......

ခွဲ ခွာ အဝေး

ခွဲ ခွာ အဝေး
--------------

သိုက် မြုံ ရင် ဝေး

ခွဲ ခွာ ပြေး လို့

အ ချစ် အိမ် မှ

မြိုင် ရပ် ပျံ ပါ

ချစ် သက် လျာ .....

................. ဘယ် စီ ခ စား
နေ သာ ရဲ့ လား ?

ဘယ် ရပ် မှာ နေ
................ ချမ်း မြေ့ ပါ စေ


နာ ကျင် ခံ စား
ဒဏ် ရာ များ ကို
မ မြင် ပါ လည်း
မုန်း မာန် မ ငြိုး
ပြုံး မိုး ရွာ လျက်
ဝေ သော မျက် ရည်
စီး ပါ စေ တော့ ချစ်သူရေ ......


ငါ မတွေ့ ပါရစေနဲ့ မိမာယာရယ်


ငါ မတွေ့ ပါရစေနဲ့ မိမာယာရယ်
----------------------------------
ပြီဆုံးခဲ့သော ဇတ်လမ်းတစ်ပုဒ်
ငါ မှတ်တမ်းပြန် ထုတ်နေတာတော့
မဟုတ်ဘူး မိမာယာ ***

အတိတ်ဆိုတာတွေက
အရိပ်လိုသာ ရှိမနေဘူးဆို
ငါ ဘဝက ပျော်စရာအတိပေါ့ 
အမှတ်တရတွေကိုလေ
အမှတ်တမဲ့ ပြန်တွေ့တိုင်း
နှစ်မွှာရင်တွင်း အသည်းက 
တစ်ဆစ်ဆစ် နာကျင်လွန်းလို့ပါ 
မိ မာယာ ရယ် 

အရှိနဲ့ သတိကိုကပ်ကြည့်တော့
နင် လို့ မိန်းမစားမျိုးကလေ
နောင်တ ဆိုတာ ဘယ်တော့မှ
မရမဲ့ ကောင်မမျိုး ပေါ့
ဥာဏ်မွဲလို့ ကူ ကံနည်းလို့ ထူပေမယ့်
မွဲခြင်တဲ့ ခွေး ပြာပုံ တိုး ဆိုသလိုမျိုးပဲ
မာယာ တွေခပ်များများနဲ့
ကျား တစ်ကာရဲ့ ရင်ခွင်မှာမှ
နင် ကလေ ရစ်တွယ်ချင်သော
ရာဂ အမှောင်ဖုံး ပါလို့
အပျက်မ ဟန်တွေသုံးရင်း
အဆန်မရှိပဲ အသံသာ
မြည်ချင်လေသလား ကွယ်
မိ မာယာ ရယ်

မိမာယာရေ
နင့်အကြောင်းတွေကို စာစီရရင်
တစ်ထောင့်တစ်ညထက် ပိုရှည့်လိမ့်မယ်
တရိပ်ရိပ်တက်လာတဲ့ ဒေါသတွေကို
ကဗျာတွေဖြင့် အသက်သွင်း
ငါ့ ဘဝ ငါ ပုံဖော်နေခြင်းကိုတော့
နင် နားလည်လို့ထားပေးပါနော်
ရင် ဆိုက ခံစားတက် လွမ်းတက်
ချစ်တက်တာကိုတော့ နင်သိမှာပါ
ကံမကုန်လို့ ပြုံဆုံရင်တော့
မိန်းမပျက်အဖြစ် ငါမတွေ့ပါရစေနဲ့
မိမာယာ ရေ 

တစ်စိမ့်စိမ့်သာ ကြည်ချင်တယ်



တစ်စိမ့်စိမ့်သာ ကြည်ချင်တယ်
---------------------------------

ရွှေ နှင့် ပတ္တမြား
ဆင်း လှ ပေ သော်
ပ မာ ပုံ နိုင်း 
လွန် မ တိုင်း ဘူး

မေတ္တာ ဟူ သည်
ရေကြည် ချမ်းမြ
တင့် လှ ပေ သား
သည် စ ကား နဲ့
ကြာ တစ် ရိုး လို့
အ မျှင် တွဲ တွဲ
အဖယ် ခက်စွာ
ရှိ လှ ပါ သော်
ခဏ အ ကြည့်
ခဏ အငြိ တွေ
မကြည့် ချင်မို့
ခင် ရေ~~~
ဥဿဖရား လိုကွယ်
ခဏ ခဏ သာ 
ကြည့် ချင် တယ်