♥♥♥♥♥♥♥♥♥♥♥♥♥♥♥

သတင်းကြည်မြ
သင်းကြည်လှတဲ့
ကျွန်မက နှင်းဆီပါ မောင်
ဆူးတွေရံခြယ်
မွှေးနံ့ကြွယ်နဲ့
မြင်သူခုန်မင်
ပန်းဂုဏ်အင်မို့
တစ်ပါးသူတွက်
ကြွေခါမကြ
မောင် ခြွေပါမှ
ဝေကျမယ့် နှင်းဆီပါ မောင်
ရေမြေလည်းခြား
တိုင်းတစ်ပါးမို့
မယုံအပ်ကာ
မပုံအပ်များ
မဟုတ်ညားပါ
မိန်းမသားက
ချင့်ချိန်တွေးစ
သည်ဘဝကို
နားလည်ပေးပါ ချစ်သူမောင်
နှင်းဆီ အလှ
နှင်းဆီ ဘဝ
နှင်းဆီ သရှင်
မောင် သခင်က
တစ်မိုး အောက်မှာ
မဖောက် လွဲလို့
သစ္စာ အချစ်
မေတ္တာစစ် နှင့်
ပေးစပ် ကြည်ဖြူ
ယုံအပ် မှုသော်
မဝေး တစ်နေ့
ပြည့်သော ချိန်မယ်
ဘယ်ခါ မခွဲ
မောင့် လက်တွဲရင်း
နှစ်ယောက်ထဲနဲ့
ပျော်ကြမယ်လေ ချစ်သောမောင်
No comments:
Post a Comment