♥♥♥♥♥♥♥

ခင်
ရင်မှာ နစ်ကျွံ
ဘဝ မွန်မို့
နေ မဝင် ချစ်
နွယ်နှယ် ရစ်ရင်း
ဘဝ ပေးခါ
အသက် တစ်မျှ
ချစ်မိပါ ၏ ခင်♥
နှောင်း ကံအတိတ်
ကြောင်း ဖန် ရိပ်ခါ
ပြင် မှာ မတွေ့
အွန် မှာတွေ့လည်း
လက်တွဲရယ် မှန်
ဖြစ်လာ မှန်သော်
သစ္စာ မပျက်
မေတ္တာ ဖက်ခါ
ကြင်နာ မဆုံး
ချစ်ပါရစေ အုံး ခင်♥
တစ်ကယ်လို့လေ
မောင့်ရဲ့ ချစ်များ
ထိုမျှ ပေစပ်
မကျေ နပ်သော်
ချစ်သော ခင်က
မောင် ၏အသက်
တောင်းလာ မှန်ရင်
မငြင်း ကြည်ဖြူ
မောင် ပေးလှူမည်
ခင် သက်လျာလေး
တစ်သက်တာတော့
ပျော် ရ မည် ကွယ်♥
No comments:
Post a Comment