--------------
အိုင် တွေ့တိုင်း ခြေဆေးရအောင်
ငါ့ နှလုံးသားက ရေအိုင်မှ မဟုတ်တာ
မာယာ မာယာ မိမာယာ
တစ်ခန်းတစ်နားနဲ့ နင့်ကိုယ်
လွမ်းစကား တွေလည်း
ဆို ပြ ငို ပြ ချွဲပြ မနေတော့ဘူး
ရင်ကိုယ် ရင်ချင်း ရင်းတဲ့ပွဲမှာ
လိုက်ပွဲ မပါခဲ့ပါပဲ
ငါ့ နှလုံးသား နုနုကိုယ်မှ
မညှာ မတာ နင် စားသုံးသွားတာတော့
ငါ ညံလို့ ငါ ခံလိုက်ရတယ်ပဲ
မှတ်ယူထားမယ် မိမာယာ
မာယာ ဆယ်သန်း
ကုဋေ တစ်သန်းပေါ့
အား မတန်လို့ မာန်လျော့ပေမယ့်
သမင် ဆယ်လှမ်း ကျား တစ်လှမ်းတဲ့
အဲ့ဒီ လောကမ နိယာမ ကို
နင် မသိတာတော့ ငါ သနားမိတယ်
ငယ် ပါသေးတယ် မိမာယာ
ဥာဏ်မွဲသူလို့ လည်းမပြောတော့ဘူး
သစ္စာမရှိတဲ့ လောကကြီးမှာ
ပကာသန တွေ ထင်တိုင်းကြဲနေသမျှ
ဝိသမာ သမားတွေကတော့ နင့် ကို
ပြုံး ပြုံး ကြီးနဲ့ စားသုံးနေအုံးမှာပဲ
မာယာ မာယာ မိမာယာ

No comments:
Post a Comment