××××××××××

ခင် ရေ
မျက်ဝန်း အိမ်မှ
မျက်ရည် ဥတွေ
မို့မို့ ပါးပြင်
စီးခါ သွယ်ရင်း
ကြွေဆင်း တစ်စက်
ဝေးဆင်း ရက်တော့
ရင်တွင်း မှ နွေ
လှိုင်း ထန် နေ .....
ခင် ရယ်
မေတ္တာ ကိုဖယ်
သစ္စာ ပယ်ရင်း
တိမ်း လေ မြေ မဟီ
စိမ်း လေ ပြီ ပေါ့ ....
ခင် ရေ
ရှေးရှေး ဘဝ
ပြုပြု သမျှက
အတိတ် ကံ ငြိုး
ဝဋ် ကြွေး က ဆိုး
အကြောင်း ကံမလှ
နှောင်းကံ ဘဝမို့
ချစ် သူ က စိမ်း
မေတ္တာ တွေ သိမ်းပေါ့ ...
ခင် ရေ
အသည်း တွေ ကြွေခါ
အလွမ်း က ပွေလီ
သစ္စာ တွေ ဖွေသီရင်း
မောင့် မေတ္တာ
ခင် မမြင်ပါ မကြင်နာ
တမင် စိမ်းကားမှတော့
အမှတ် မရှိ တဲ့
ဩော် .....
သည် မောင် အသည်း ရယ်က
ကွဲဖို့ တဖန် ဖြစ်လာပြန်ပြီ
အို့ ဘယ် ဒေ ဝီ မဟေသီ ရယ် ...

ခင် ရေ
မျက်ဝန်း အိမ်မှ
မျက်ရည် ဥတွေ
မို့မို့ ပါးပြင်
စီးခါ သွယ်ရင်း
ကြွေဆင်း တစ်စက်
ဝေးဆင်း ရက်တော့
ရင်တွင်း မှ နွေ
လှိုင်း ထန် နေ .....
ခင် ရယ်
မေတ္တာ ကိုဖယ်
သစ္စာ ပယ်ရင်း
တိမ်း လေ မြေ မဟီ
စိမ်း လေ ပြီ ပေါ့ ....
ခင် ရေ
ရှေးရှေး ဘဝ
ပြုပြု သမျှက
အတိတ် ကံ ငြိုး
ဝဋ် ကြွေး က ဆိုး
အကြောင်း ကံမလှ
နှောင်းကံ ဘဝမို့
ချစ် သူ က စိမ်း
မေတ္တာ တွေ သိမ်းပေါ့ ...
ခင် ရေ
အသည်း တွေ ကြွေခါ
အလွမ်း က ပွေလီ
သစ္စာ တွေ ဖွေသီရင်း
မောင့် မေတ္တာ
ခင် မမြင်ပါ မကြင်နာ
တမင် စိမ်းကားမှတော့
အမှတ် မရှိ တဲ့
ဩော် .....
သည် မောင် အသည်း ရယ်က
ကွဲဖို့ တဖန် ဖြစ်လာပြန်ပြီ
အို့ ဘယ် ဒေ ဝီ မဟေသီ ရယ် ...
No comments:
Post a Comment