ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, October 29, 2013

အမုန်း ကျိန်စာ

အမုန်း ကျိန်စာ
©®©®©®

ဘယ်လို လည်း မာယာ
ပုခုံးနှစ်ဖက်ကြား ခေါင်းပါတဲ့
လူ လူချင်း အတူတူကိုမှ
ကတုံးပေါ် ထိပ်ကွပ်လို့
မူယာ အကုန် ပရိရာယ်အစုံနဲ့
အသိတွေလွဲ ဥာဏ်တွေမွဲကာ
အမှားကို မပြင် နင် မဆင်ခြင်ပဲ့
မိန်းမလည် သိန်းကြွယ်လို့များ
နင်ကိုယ်နင် ထင်နေသလား မာယာ ±

ငါ့ ဘဝမှ မဟုတ်တော့ဘူး
အိမ်မက်ထဲကိုတောင်မှ
ယောင်လို့မလာနဲ့လေ
ဘဝဆိုတာက ခါး
အသိဆိုတာဝါးတဲ့ နင့်အတွက်
လာလမ်းဆိုတာ ရှိပေမယ့်
ပြန်လမ်းဆိုတာ မရှိတော့ဘူး မာယာ %

နင် မကြင် နင် မခင်ခြင်နေပါ
ငါ့မှာလေ ကြင်သူအမယ်မယ်
ခင်သူတွေက အသွယ်သွယ်ပါ
မေတ္တာရှိလို့ ငါချစ်တာသိရင်
သစ္စာလေးသာ ရှိစမ်းပါလေ
အကြွေပန်းဖြစ်နေစမ်းပါစေ
ခြွေခါမနမ်းပဲ ငါ့ မေတ္တာ တွေနဲ့
ဝေခါ လန်းသွားစေရမယ် မာယာ

ခုများတော့
မရွှင်အသည်း နာကျန်ရစ်လို့
ရင်ကွဲတာတွေတော့ မပြောတော့ဘူး
ဘောဂဘေဒလို့ ပြောပြနေရင်
နင် သောကတွေ ဝေသွားမယ်
အချစ်ကိုယ်မှ ကုန်စည်လိုသဘောထား
ငါရှုံးလိုက်တာက နှလုံးသားပေါ့
ရလိုက်တာက ♥♥♥♥♥♥♥
နင် ရွေးချယ်ပါ မာယာရယ်
လမ်းတော့မမှားစေနဲ့ အုံး
တစ်ယောက်ရွေးတိုင်း ဘဝပေးရင်
နင် လေ __ ဖြစ်သွားမယ် မာယာ

နင့်အတွက် အမုန်း ကျိန်စာတော့
ငါ မတိုက်ကျွေး တော့ပါဘူး
နင့်သွားမဲ့ လမ်းတစ်လျှောက်မှာဖြင့်
အလွမ်းဆိုတာတွေ ဝေးလို့
ဆူး ဆိုတာတွေ အေးပါစေကြောင်း
အေးစေကြောင်းပါ မာယာ

No comments:

Post a Comment