
ချစ်သူ ဖတ်ဖို့ (၆)
************
ခင်ရေ
မောင့် ဘဝက
နေကြာ ပန်းလေ
ခင့် အလှ က
ကုမုဒ္ဒါ ထား
ရေ က အသင့်
ကန် အတင့် မို့
ချစ်သူ ကတော့
ပန်း လှလှပါ
မောင် ကတော့ကွယ်
ဥယျာဉ် မှုးပေါ့
အရိပ် နေ နေ
အခက် တွေကို
မချိုး ရပဲ
ရင်နှင့် ရင်းလို့
မေတ္တာ ရေဖြန်း
သစ္စာ ကျမ်းနဲ့
ပြုစု ကာလေ
ပျိုး ထောင်ပေမယ့်
ချစ်တဲ့ သူငယ်
ခင် သက်လျာက
မုန်းရောင် ခြယ်ကာ
မျက်ကွယ် ပြုတော့
ချစ် မိသူရယ်
သည် မောင်မှာဖြင့်
အသည်း ကြွေပြုန်း
ဩော်
ဘဝ သေဆုံး .......
No comments:
Post a Comment