♥♥♥♥♥♥♥♥♥♥♥

သခင်မ ရေ♥
တွေ့လျှက်မခေါ်
မြင်လှည့် မကြည်
ဘယ် အငြိုးနဲ့
စိမ်းလေ သလဲ !!
သခင်မ က
ချစ်သည် ဖြစ်စေ
မုန်းစိတ် ဝေလည်း
သည်မောင် ကတော့
သစ္စာ မပျက်
မေတ္တာ မယွင်း
သဒ္ဒါ ပြင်းရင်း
ရင်မှာ ကျွံနစ်
နယ်လွန် ရစ်တဲ့
အချစ် တွေမို့
ဘယ်သူ ဖြတ်လို့
ပြတ်ပါ မလဲ(လည်း)&&
သခင်မ ရေ
လှောင်ပြောင်ကာ ပြုံး
ဟားတိုက် မုန်းလည်း
မောင် ကတော့လေ
မမုန်း ကမ္ဘာ
ချစ် မေတ္တာ မို့
နှောင်း ဘဝထိ
တည် လိမ့်မည် ထင်
မောင့် သခင် ~~
No comments:
Post a Comment