နှလုံးသား မြေမြှုပ်ပွဲ (ခ) ဝဋ်ကြွေးရှိရင် ပြေတော်မှု
************* ..... !!!!!!!!!!!!!!!!!!!!!!!!!! !
နှလုံးသားကိုယ်ရင်းလို့
ပွင့်လင်းစွာ ဖွင့်ဟမိသူရဲ့
ဝေဒနာများနဲ့ မြေမြှုပ်ပွဲပါ ခင် ....
အရှုံးများစွာနဲ့ မုန်းတရားမပါပဲ
နှလုံးသားက ပြုံးပြပေးမယ်
မင်းကုသထုံး နှလုံးမှုလို့
ခင့် အပေါ်ဝယ် အချစ်တို့က
မြူမှုံတစ်မျှ ရော့မသွားပါဘူးကွယ် ....
နှလုံးသားချင်း နီးကြပါရဲ့
ရင်ကိုယ်ရင်နဲ့ ရင်းတဲ့ပွဲမှာ
ဒဏ်ရာတွေ ကိုယ်စီနဲ့လေ
ဘယ် အတွက်ကြောင့်များ
ခွဲခွာအဝေး ရှောင်သွယ်ပြေးဖို့
ကြံစည်လေသလဲ မောင့် အချစ်ရယ် .....
မုသားမပါ လင်္ကာမချောပဲ
အချစ်ဆိုတဲ့ ခတ်ဆစ်ကိုမှ
ဖြေရှင်းမိသူက ဒုတိယမြှောက်
နှလုံးသားတွေ ကွဲကြေခြင်းလား
ကိုယ်ချစ်ရှာလည်း ဝေးရ
သူချစ်ရှာလည်း လွဲရနဲ့
ဆိုးလိုက်တဲ့ အတိတ်ကံက
အကြောင်းရယ် ဖန်တော့
ဩော် ......
ဝဋ်ကြွေးရှိရင် ပြေတော့မှုပေါ့ ကွယ် .....
ကဗျာမဆန် ကာရန်မလှ
မောင့် ဘဝများက ဖြင့်
နေ အစင်းတစ်ရာ ပူသလိုပ
ချစ်တာသိလို့ ရင်ဆိုင်ရဲ့ရင်
ပကာသနတွေ ဖယ်ကာထုတ်
အချစ်အိမ်လေး တည်ဆောက်လိုရယ်
ရပါသေးတယ် အချစ်ဆုံးရယ် .....
ခုတော့ကွယ် .....
ပွဲမဝင်ခင် တက်ကျိုး သလိုလား
မပစ်ခင်က မြှားတစ်ချောင်းလို့
မခိုင်လို့များ ကျိုးခဲ့လေသလား
ကျစ်ခဲ့သော ကြိုးတစ်ချောင်းက
မခိုင်လို့များ ပြတ်ခဲ့လေသလား
စိတ်တွေပင် ထွေကာသွားပါပေါ့
ခင် ရေ .......
အချစ်တွေကို တွယ်ကာ သိမ်း
မေတ္တာတွေကို ဖယ်ခွာမစိမ်းပဲ
မောင် လေ .....
နှုတ် နှုတ် ဆက်ခဲ့ပါရစေကွယ် .....

No comments:
Post a Comment