
သူ စိမ်း ပေါ့ ကွယ်
------------------
ရှောင်ဖယ်ခွာ မျက်တော်ငြိုးရယ်နဲ့
ရင်နှစ်မွှာအသည်းကို ခွဲသွားသူရေ .....
သုဘဒ္ဒါ မင်းဝင်စားသလို့ပ
ချစ်မီးလျှံ ရင်မယ်ပိုက်ပါလို့
တစ်နွယ်ခင် မကြင်စိမ်းတယ်
ဩော် ပြုရက်လေခြင်း .....
မေတ္တာက သစ္စာမဖြစ်တော့
အသည်းဆိုတာတွေ ကြွေခါကျ
မျက်ရည်ဆိုတာတွေ ဝေပြမှ
မင်း ပျော်မလား ကွယ် ....
နင် >>>
မကြင်နာ စိမ်းခြင်လည်း စိမ်း
တိမ်း ချင်သပလည်း တိမ်းပါ
သည်ရင်မှာ အချစ်မယိမ်းလေတော့
အချစ်ရေ .......
တို့တစ်တွေက ခုများဖြင့်
ချစ်လျှက်နဲ့ သူ စိမ်း ပေါ့ ကွယ် ......
No comments:
Post a Comment