╰⊰✿´╰⊰✿´╰⊰✿´╰⊰✿´

ချုချင် သူတွေ
များပါ ဘိနဲ့
သတင်း ကြည်လှ
သင်းကြည် မြတဲ့
ချစ်သော နှင်းဆီ
အို နှင်းဆီ ရေ !!!!!!
ပျားများ အလည်
မေတ္တာ နွယ်လို့
ကျွန်တော် မျိုးမှ
ချစ်မိ လေတော့
မေတ္တာ သက်သေ
ချစ်မိုး ဆွေရင်း
ဖွင့်ဟ ကာလေ
နူတ်တစ်ရာ နှယ်
စာ တစ်လုံးနဲ့
ဖွင့်ဟမိပေါ့ အို နှင်းဆီ ~~~
မှန်သောသစ္စာ ဆိုဝံ့ပါ၏
ချစ်တာသိရင် သစ္စာတွေလည်း
ရှိပြပါမယ် မေတ္တာငတ်ရင်
အကြင်နာတွေလည်း ပေးဝေပါမယ်
စိတ်ကူးတွေနဲ့ ရူး ကျွန်တော်မှာလေ
အပျော်တွေပင် ကျူးခဲ့ပါပေါ့
ချစ်သောနှင်းဆီ အို နှင်းဆီ ရယ် ...
ဒါပေမဲ့လေ ...
ကံမွဲ သူက ကျွန်တော်ရယ်ပါ
အသည်းတွေပင် ကြွေကျပါလို့
အချစ်တွေပင် ပျက်သုန်းပါမှ
နှင်းဆီအရှင်က ပျော်မှာလားကွယ် ....
ခုများတော့ ဖြင့်
မရွှင်အသည်းမှာ ရင်ခွဲသာ
ပြချင်စမ်းပါဘိ နော်
ပူသမျှ အပူတွေကိုမှ
အတူမျှခါ ယူချင်မိသူကို
ဓါးထက်ထက်နဲ့ ရင်ကိုယ်ခွဲလို့
မဖြစ်နိင်ဘူး ကြိုတင်တွေးရင်း
ဝေးကြရမဲ့ အရေးကိုများ
ဘယ်အတွက်ကြောင့် ပြောရလေသလဲ
ချစ်သော နှင်းဆီ အို နှင်းဆီ ရယ် ......
ရှိပါစေတော့ ကွယ်
ဖြစ်သမျှဝံ့ မောင့် အလွန်မို့
ဆုတ်ရင်လည်းစူး စားရင်လည်းရူး
မထူးတော့မဲ့ သည်အခြေနေ
အချစ်မွဲသူ မောင့် အတွက်တော့
သေသွားတာမှ ကောင်းပါလိမ့်မယ်
ချစ်သောနှင်းဆီ အို နှင်းဆီ ရယ် ......
No comments:
Post a Comment